ငလျင်ဘေးဒဏ်သင့် ပြည်သူလူထုအား ဝမ်းနည်းကြောင်း ၁ မိနစ်တိတ်ဆိတ်ခြင်းဖြင့် ဂါရဝပြုပြီးနောက် “မွန်အမျိုးသားကွန်ဖရင့် (၂၀၂၅)” ကို ယနေ့နံနက်က မော်လမြိုင်မြို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ဤကွန်ဖရင့်ကို မွန်ပြည်သစ်ပါတီ (NMSP) ဦးဆောင်၍ ကျင်းပခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ—
- အမျိုးသားညီညွတ်ရေး တည်ဆောက်ရန်
- ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် အခြေခံမူများ လေ့လာသုံးသပ်ရန်
- ရာမညမွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ကို ဖက်ဒရယ်စနစ်နှင့် ကိုက်ညီစေရေး ပြင်ဆင်ရန်
- မွန်အမျိုးသားဆိုင်ရာ မူဝါဒများ အတည်ပြုရန်
ဓါတုမာလာ မွန်ပရိယတ္တိ (မော်လမြိုင်၊ ဈေးကြိုရပ်ကွက်)တွင် ၄ ရက်ကြာ ကျင်းပမည့် အစည်းအဝေးသို့ မွန်သံဃာတော်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ (ပြည်တွင်း/ပြည်ပ) နှင့် ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ စုစုပေါင်း ၂၄၆ ဦး တက်ရောက်သည်။
သဘာပတိအဖွဲ့တွင် ပါဝင်သူများ
- ဘဒ္ဒန္တ ကေတုမာလာ (ကော့ပလိုင်ဆရာတော်)
- နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ)
- နိုင်လဝီအောင် (မွန်ညီညွတ်ရေးပါတီ MUP ဥက္ကဋ္ဌ)
- နိုင်ဝင်းကြည် (အငြိမ်းစား မွန်ပြည်နယ်ဥပဒေချုပ်)
- ဆရာမ မိလေးမွန် (အငြိမ်းစား အထကကျောင်းအုပ်ကြီး)
တက်ရောက်သူများ
- မွန်ပြည်သစ်ပါတီ မှ ၅၀ ဦး
- မွန်ညီညွတ်ရေးပါတီ (MUP)မှ ၄၆ ဦး
- မွန်တိုးတက်ရေးပါတီမှ ၇ ဦး
- မွန်အရပ်ဘက်အဖွဲ့အစည်းများမှ ၄၂ ဦး
- အခြားဖိတ်ကြားထားသော ကိုယ်စားလှယ်များ
ယခင်ကွန်ဖရင့်များ
- ၂၀၁၃: မော်လမြိုင်၊ မွန်ပြည်နယ်ခန်းမ
- ၂၀၁၆: ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပေါလောကုန်းကျေးရွာ
- ၂၀၂၂: ရေးချောင်းဖျား၊ NMSP ပညာရေးဌာန