ထိုင်း-မြန်မာနယ်စပ်နယ်မြေ မြဝတီဘက်မှ မတ်လ ၂၁ ရက်က ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးအကြီးစား မှောင်ခိုမှုနှင့် ပတ်သက်၍ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဘက်မှ ဗိုလ်ချုပ် စောဆန်းအောင်က “လုံးဝမသက်ဆိုင်” ကြောင်း ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်။
ထိုင်းအာဏာပိုင်များက နခွန်စဝမ်-ဘန်ကောက် အဝေးပြေးလမ်းပေါ်တွင် စိတ်ကြွဆေးပြား ၁၈ သန်း၊ ရေခဲမူးယစ်ဆေး (ICE) ၇၅၀ ကီလိုဂရမ်နှင့် Ketamine ၃၀၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းခဲ့ပြီး ထိုင်းမီဒီယာများက ယင်းဖြစ်စဉ်တွင် DKBA ခေါင်းဆောင်များ ပါဝင်သည်ဟု ဖော်ပြခဲ့သော်လည်း မဟုတ်မမှန်ကြောင်း ဗိုလ်ချုပ် စောဆန်းအောင်က ပယ်ချခဲ့သည်။
ထိုသို့ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးအကြီးစားပမာဏ မှောင်ခိုကူးသန်းမှုကို ရှာဖွေ ဖမ်းဆီးခဲ့ပြီးတဲ့နောက် တာ့ခ် ခရိုင် အကြီးအကဲ အုပ်ချုပ်ရေးဘက်က ထိုင်း-မြန်မာနယ်စပ်ရှိ ဂိတ်တစ်ခုကို ကုန်စည် တင်ပို့ခွင့်နဲ့ တင်သွင်းခွင့် ကန့်သတ် လိုက်ကြောင်း မတ် ၂၂ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပြီး တွဲကားနှင့် ကုန်ကားကြီးများကို မြဝတီဘက်သို့ ကမ်းကူးပေးခြင်းများကို ထိုင်းက ကန့်သတ်လိုက်ပြီး ဂိတ်အတွင်း ပစ္စည်းသယ်ယူလျှင် လှေ နှင့်ဖောင်များကိုသာ အသုံးပြုနိုင်တော့မည်ဟု သိရသည်။




