သူတို့ပြောတာက ‘ဒီအဆင့်သတ်မှတ်ချက်က လက်ရှိအခြေအနေနဲ့ မကိုက်ဘူး၊ အချက်အလက်တွေလည်း မပြည့်စုံဘူး’ တဲ့။
ကမ္ဘာ့လူဦးရေစာရင်းဌာန (World Population Review) က ၂၀၂၅ အတွက် ထုတ်ပြန်တဲ့ စာရင်းမှာဆိုရင် ထိုင်းက ၂၀၃ နိုင်ငံထဲမှာ ၁၀၇ နေရာ၊ အရှေ့တောင်အာရှမှာဆို မြန်မာ-ကမ္ဘောဒီးယားနဲ့ပဲ လိုက်ရတယ်တဲ့။ စင်ကာပူက ၁၁ နေရာ၊ ဗီယက်နမ် ၅၃ နေရာနဲ့ မလေးရှားတောင် ၈၉ နေရာမှာရှိနေတာ သူတို့အတွက် မခံမရပ်နိုင်ဖြစ်နေပုံပဲ။
ဒါပေမယ့် ထိုင်းပညာရေးကောင်စီ (OEC) ရဲ့ ပါမောက္ခ Prawit ကတော့ ဒီထုတ်ပြန်ကို ချေပနေတယ်။ ‘
အမေရိကန် US News နဲ့ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်တို့ရဲ့ စစ်တမ်းမှာဆို ထိုင်းက ၇၃ နိုင်ငံထဲမှာ ၄၈ နေရာ၊ အရှေ့တောင်အာရှမှာ တတိယအကောင်းဆုံးပဲ။ World Population Review က ဘာအထောက်အထားမှ မပေးထားဘဲ နောက်ဆုံးနေရာနားထားတာဟာ မမှန်ဘူး’ လို့ ပြင်းပြင်းထန်ထန် ပြန်ပြောတယ်။
ပြီးတော့ သူတို့အခုလုပ်နေတဲ့ စစ်တမ်းအရ ထိုင်းနိုင်ငံသား ၉၉% က စာတတ်မြောက်နေပြီဆိုတော့ အရှေ့တောင်အာရှမှာ ထိပ်ဆုံးရောက်နေပြီတဲ့။ ‘ဒီလိုအချက်တွေကို မကြည့်ဘဲ အဆင့်သတ်မှတ်တာဟာ မတရားဘူး’ လို့လည်း ချုပ်ပြောသွားတယ်။
ဒါပေမယ့် ဒီသတင်းက ထိုင်းပညာရေးမှာ တကယ်ပြဿနာရှိနေတယ်ဆိုတာကိုတော့ ဝန်ခံနေသလိုပါပဲ။ ‘ကျနော်တို့ ပညာရေးကို ပိုကောင်းအောင် လုပ်ဖို့လိုနေပြီ’ ဆိုတဲ့ သဘောမျိုးပေါ့။ မြန်မာပရိသတ်တွေအနေနဲ့လည်း ကိုယ့်ပညာရေးအခြေအနေကို ဒီသတင်းနဲ့ နှိုင်းယှဉ်ကြည့်ဖို့ အချက်အလက်တစ်ခုအနေနဲ့တော့ အသုံးဝင်မယ်ထင်တယ်ဗျ။”
Ref; 24-3-2025 နေ့ထုတ် ဘန်ကောက်ပို့ “Education Council rejects low Asean ranking, says finding not supported” ကို ပြန်လည်သုံးသပ်သည်။