ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် ၆ ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများ၏ ဘက်စုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ဘန်ကောက်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း ထိုင်းအစိုးရထိပ်တန်း သတင်းရင်းမြစ်တစ်ဦးက Thai PBS World သို့ တနင်္ဂနွေနေ့က အတည်ပြု ပြောကြားခဲ့သည်။
ယခုခရီးစဉ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဘန်ကောက်မြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိမည့် ခရီးစဉ်ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် ပက်ထောင်တန် ရှင်နာဝပ်အစိုးရက ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပမည့် ဤထိပ်သီးအစည်းအဝေးသို့ BIMSTEC အဖွဲ့ဝင်နိုင်ငံအားလုံး၏ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း အတည်ပြုထားပြီးဖြစ်သည်။

