ထိုင်းနိုင်ငံ၊ ဆူရာဌာနီပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် စနေညနေပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားများပါဝင်သော ဖဲဝိုင်းကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သည်။
မြန်မာနိုင်ငံသား အမျိုးသား/သမီး ၂၁ ဦးနှင့် ထိုင်းနိုင်ငံသား ၂ ဦးအား ဖမ်းဆီးနိုင်ခဲ့ပြီး၊ ထိုနေရာမှ ငွေကျပ် ၂၈,၅၅၀ ဘတ်နှင့် ဖဲထုပ် ၃၅ ခုအပါအဝင် သက်သေခံပစ္စည်းများကို သိမ်းဆည်းခဲ့သည်။
ဖမ်းဆီးခံသူများအား ခီရီရတ်နီခေါင်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ကာ၊ “တရားမဝင်ဖဲကစားမှု (ဆယ်တွဲဖဲကစားနည်း) တွင် ပူးပေါင်းပါဝင်ခြင်း” စွဲချက်ဖြင့် ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
မှတ်ချက်။ ။ မြန်မာရွှေ့ပြောင်းလုပ်သားပရိသတ်များ သိရှိစေရန် – ထိုင်းနိုင်ငံတွင် အလုပ်သမားဥပဒေများအရ တရားဝင်အလုပ်လုပ်ကိုင်ခြင်းသည် အရေးကြီးပါသည်။ တရားမဝင်ကစားဝိုင်းများတွင် ပါဝင်ခြင်း၊ လောင်းကစားခြင်းကဲ့သို့သော ဥပဒေချိုးဖောက်မှုများသည် ပြစ်ဒဏ်ငွေကြေးချမှတ်ခြင်း၊ နိုင်ငံကူးလက်မှတ်ပြဿနာနှင့် နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုများအထိ ဆိုးကျိုးဖြစ်စေနိုင်ပါသည်။ မိမိတို့၏ဘဝနှင့် လုံခြုံရေးအတွက် ဥပဒေကို လေးစားလိုက်နာပြီး သတိထားဆင်ခြင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

