ရခိုင်ပြည် မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာက ဟိန္ဒူလူမျိုး ၁၀၀ ကျော်အား ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုမှာ အဓိကတာဝန်ရှိသူ အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အာတာအူလ္လာကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး ICC (International Criminal Court) မှာ ပို့ဆောင်တရားစွဲဆို စစ်ဆေးပေးဖို့ ဟိန္ဒူလူမျိုးတွေက တောင်းဆိုလိုက်သည်။
ဟိန္ဒူခေါင်းဆောင်တစ်ဦးက “အပြစ်မဲ့ ဟိန္ဒူလူမျိုးတွေကို ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ ARSAအဖွဲခေါင်းဆောင်ကို နိုင်ငံတကာ ICC အထိပို့ဆောင်ပြီး အပြစ်ပေးဖို့ တောင်းဆိုပါတယ် “ဟု ဆိုသည်။
၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ခမောင်းဆိပ်ကျေးရွာအုပ်စု တောင်ရွာနှင့် ရဲဘော်ကျ ဟိန္ဒူ ကျေးရွာရှိ ကလေးငယ်နှင့်အမျိုးသမီးများ အပါအဝင် ဟိန္ဒူလူမျိုး ၁၁၃ ဦးကို အာဆာအဖွဲ့က အစုလိုက် အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။
သတ်ဖြတ်ခံရမှုအတွင်း ကလေး ၂၃ ဦးပါဝင်ကြောင်း၊ အဆိုပါဖြစ်စဥ်များတွင် မြို၊ ခမီ၊ သက်၊ ဒိုင်းနက်နှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ၃၀၀ နီးပါးခန့် သတ်ဖြတ်ခံခဲ့ကြောင်း၊ ထို့အပြင်ဟိန္ဒူအမျိုးသမီးငယ်များအား အစ္စလမ်ဘာသာသို့ အတင်းအားဓမ္မဝင်ခိုင်းပြီး သားမယား အဖြစ် ပြုကျင့်မှုများရှိကြောင်း သတင်းများက ရေးသားခဲ့သည်။
ARSA(Arakan Rohingya Salvation Army) ထိပ်သီးခေါင်းဆောင် အာတာအူလ္လာ (Ataullah) နှင့် ထိပ်ပိုင်းခေါင်းဆောင်များကို မတ်လ ၁၆-၁၇ ရက်တွင် ဒါကာမြို့အနီး၌ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က စစ်ဆေးလျှက်ရှိသည်။

