စမုတ်ဆာခွန်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) မှ ဒုတိယမြောက် ရဲမှူး ပူကတ်ချာဆုက်ဝတ်နာတန် က မတ်လ ၁၉ ရက်နေ့တွင် မီဒီယာများအား ထုတ်ဖော်ပြောကြားချက်အရ မြန်မာနိုင်ငံသား MR. MIN TUN (သို့) MR. MIN YUN အမည်ရှိ လူငယ်တစ်ဦးသည် ထိုင်းနိုင်ငံသို့ ခိုးဝင်လာသဖြင့် ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါ လူငယ်သည် ယခင်က ထိုင်းနိုင်ငံတွင် ခိုးမှုဖြင့် အရေးယူခံခဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသည်။ ထို့နောက် သူသည် မိမိ၏ အမည်ကို ပြောင်းလဲကာ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ သို့သော် လဝက၏ Biometric စနစ်ဖြင့် စစ်ဆေးမှုများပြုလုပ်ရာတွင် သူ၏ ယခင်က မှုခင်းဆိုင်ရာ မှတ်တမ်းများ ပေါ်ထွက်လာခဲ့သည်။
လဝက၏ Biometric စနစ်သည် လက်ဗွေရာနှင့် မျက်နှာဖမ်းစနစ်များကို အသုံးပြု၍ လူပုဂ္ဂိုလ်တစ်ဦး၏ မှတ်တမ်းများကို စစ်ဆေးနိုင်ပြီး အလိမ်အညာများကို ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါ လူငယ်သည် နာမည်ပြောင်း၍ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသော်လည်း လက်ဗွေရာစစ်ဆေးမှုတွင် သူ၏ ယခင်က မှုခင်းဆိုင်ရာ မှတ်တမ်းများ ပေါ်ထွက်လာခဲ့သည်။
ထို့ကြောင့် လဝကမှ သူ့အား “ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူ” အဖြစ် ဖမ်းဆီးကာ တရားစွဲဆိုမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လဝကမှ ပြည်သူများအား သတိပေးချက်အရ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သူများအား မှတ်ပုံတင်ပေးနိုင်သည်ဟု လိမ်လည်ပြောဆိုနေသော လူဆိုးသမားများကို သတိထားရန် နှင့် ထိုသို့သော လုပ်ရပ်များကို တွေ့ရှိပါက စမုတ်ဆာခွန်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးသို့ အကြောင်းကြားရန် တိုက်တွန်းထားသည်။
Ref; CaoCao


