ဘုရားသုံးဆူဒေသကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို တရားမဝင်ဝင်ရောက်မယ်ဆိုရင် အဖမ်းခံရမှာပါ။
ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ထိုင်းဘက်က ဘုရားသုံးဆူဒေသကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ခဲ့သလို၊ စက်သုံးဆီတွေကိုလည်း သယ်ဆောင်ခွင့် ကန့်သတ်ခဲ့ပါတယ်။ ဘုရားသုံးဆူဒေသဟာ မြဝတီမြို့လိုပဲ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက် အထူးစောင့်ကြည့်ခံနေရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် မြန်မာပြည် ဘုရားသုံးဆူဒေသနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ စံခလပူရီမြို့နယ်အတွင်းမှာ လုံခြုံရေးအထူးတင်းကြပ်ထားပါတယ်။ လူပွဲစားတွေနဲ့ ထိုင်းနိုင်ငံအတွင်းဘက်ကို ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေကို လုံခြုံရေးကင်မရာတွေနဲ့ လှို့ဝှက်ထောက်လှမ်းစောင့်ကြည့်နေတာရှိပါတယ်။ တောလမ်းကဖြစ်ဖြစ်၊ လှေလမ်းကဖြစ်ဖြစ်၊ မော်တော်ကားလမ်းကနေဖြစ်ဖြစ် ခိုးဝင်လာတဲ့လူတိုင်း အဖမ်းခံရနိုင်ပါတယ်။
အခုဓါတ်ပုံတွေမှာ ဖော်ပြထားတဲ့ဖြစ်စဥ်ဟာ မတ်လ ၁၈ ရက်နေ့က စံခလပူရီမြို့နယ်မှာ မြန်မာနိုင်ငံသား ၂၀ ဦးအပါအဝင် တရားမဝင်ဝင်ရောက်သူတွေကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးရာမှာ လှေတစ်စီး၊ အင်ဂျင်တစ်လုံး၊ ဖုန်းနှစ်လုံးနဲ့ လူပွဲစားနှစ်ဦးပါ အဖမ်းခံခဲ့ရပါတယ်။ ဒီလူတွေဟာ ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်တဲ့အတွက် ဥပဒေအရ အရေးယူခံရမှာဖြစ်ပါတယ်။
စံခလပူရီမြို့နယ်မှာ တစ်လအတွင်း မြန်မာနိုင်ငံသား ၁,၀၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ ဒါကြောင့် ဘုရားသုံးဆူဒေသကနေ ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်ဖို့ ကြိုးစားမယ်ဆိုရင် အဖမ်းခံရနိုင်ခြေ ၁၀၀% ရှိပါတယ်။ လမ်းကြောင်းတိုင်းမှာ လုံခြုံရေးတင်းကြပ်ထားတာကြောင့် လွတ်မြောက်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်ဖို့ ကြိုးစားမယ့်အစား ဥပဒေနဲ့အညီ နည်းလမ်းတကျ ဝင်ရောက်ဖို့ သတိပေးလိုပါတယ်။ တရားမဝင်ဝင်ရောက်မယ်ဆိုရင် ထောင်ဒဏ်၊ ဒဏ်ငွေနဲ့ နိုင်ငံပြန်ပို့ခံရနိုင်တာကြောင့် သတိထားသင့်ပါတယ်။


