ပညာရေးဆိုင်ရာအခွင့်အာဏာများကို ဖက်ဒရယ်အစိုးရက ထိန်းချုပ်မည့်အစား ပြည်နယ်နှင့် ဒေသခံ အုပ်ချုပ်ရေးအဖွဲများသို လွှဲအပ်ပြောင်းလဲသွားရန် အမေရိကန်ပညာရေးဝန်ကြီးဌာန (U.S. Department of Education)ကို ဖျက်သိမ်းမည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့ မတ်လ (၂၀) ရက်တွင် လက်မှတ်ရေးထိုးမည်ဖြစ်သည်။
ဤဆုံးဖြတ်ချက်အရ ပညာရေးဆိုင်ရာ အာဏာများကို ဖက်ဒရယ်အစိုးရမှ ထိန်းချုပ်မည့်အစား ပြည်နယ်နှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့များသို့ ပြန်လည်လွှဲပြောင်းသွားမည်ဖြစ်သည်။
သမ္မတထရမ့်က “ဖက်ဒရယ်အစိုးရအနေနဲ့ ပညာရေးမူဝါဒတွေကို ထိန်းချုပ်နေတာဟာ မှားယွင်းနေပါတယ်။ ဒီဆောင်ရွက်ချက်က မိဘတွေ၊ ဆရာဆရာမတွေနဲ့ ဒေသခံလူထုကို အာဏာပြန်လည်ပေးအပ်ခြင်းဖြစ်တယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိပညာရေးဝန်ကြီး Linda McMahon က ဝန်ကြီးဌာနဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်မည်ဖြစ်ပြီး ဖက်ဒရယ်အစိုးရ၏ ပညာရေးအရင်းအမြစ်များနှင့် ပံ့ပိုးမှုများလည်း ဖျက်သိမ်းခံရနိုင်ခြေရှိသည်။
ဤဆုံးဖြတ်ချက်ကြောင့် ပြည်နယ်အသီးသီးတွင် ပညာရေးစနစ်များ မည်သို့အကောင်အထည်ဖော်မည်ဆိုသည့် အချက်မှာ မရှင်းလင်းသေးပေ။
ဤဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ရီပတ်ဘလီကန်ပါတီမှ အချို့က ထောက်ခံသော်လည်း ပညာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဒီမိုကရက်ပါတီမှ ခေါင်းဆောင်များက “ပြည်သူ့ပညာရေးစနစ်ကို တိုက်ခိုက်မှု” ဟု ပြင်းပြင်းထန်ထန် ဝေဖန်ဆန့်ကျင်နေကြသည်။
ဤဆောင်ရွက်ချက်သည် အမေရိကန်ပညာရေးစနစ်တွင် ကြီးမားသော အပြောင်းအလဲတစ်ရပ်ဖြစ်ပြီး နောင်လာမည့်လများအတွင်း ပြည်နယ်အစိုးရများနှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့များ၏ တာဝန်ယူမှုများ ပိုမိုမြင့်တက်လာမည်ဟု မျှော်လင့်ရသည်။