ယနေ့ မတ်လ (၁၇) ရက်နေ့တွင် စတင်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မွန်ပြည်နယ်အတွင်း မြန်မာစာဘာသာရပ်ဖြေဆိုသူ စုစုပေါင်း ၈,၉၆၁ ဦးရှိခဲ့သည်။
မြို့နယ်အလိုက် စာဖြေသူအရေအတွက်မှာ အောက်ပါအတိုင်းဖြစ်သည်—
- မော်လမြိုင် : ၂,၄၇၈ ဦး
- သံဖြူဇရပ် : ၁,၀၀၂ ဦး
- မုဒုံ : ၁,၂၀၆ ဦး
- သထုံ : ၇၄၈ ဦး
- ပေါင် : ၆၄၄ ဦး
- ရေး : ၇၁၆ ဦး
- ကျိုက်ထို : ၇၂၃ ဦး
- ချောင်းဆုံ : ၅၉၄ ဦး
- ဘီးလင်း : ၅၆၈ ဦး
- ကျိုက်မရော : ၂၈၂ ဦး
ထို့အပြင် ထပ်တိုးစာဖြေဆိုသူ ၁၁ ဦး၊ ဆေးရုံမှ ဖြေဆိုသူ ၁ ဦးနှင့် မသန်စွမ်းကျောင်းသား/သူ ၅ ဦး ပါဝင်ခဲ့သည်။ ယခုစာမေးပွဲကို မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။