🏹Chemsex ဆိုတာဘာလဲ?
မူးယစ်ဆေးတစ်မျိုးမျိုး (ဥပမာ – Ecstasy၊ Ketamine၊ Happy Water) သုံးစွဲပြီး လိင်ဆက်ဆံခြင်းကို Chemsex လို့ခေါ်ပါတယ်။
အထူးသဖြင့် Hi ခန်း လို့ခေါ်တဲ့ စိတ်အပန်းဖြေရာနေရာတွေမှာ စတင်လေ့ရှိပြီး ကူးစက်ရောဂါပြန့်ပွားမှုနဲ့ လူမှုရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
🎤Hi ခန်းနဲ့ မူးယစ်ဆေးအမျိုးအစားများ
Hi ခန်း ဆိုတာ လူငယ်မှ လူလတ်၊ လူကြီးတွေအထိ စုဝေးပျော်ရွှင်ရာနေရာဖြစ်ပြီး ကလပ်များ၊ KTV အခန်းများမှာ တွေ့ရတတ်ပါတယ်။ ဒီနေရာတွေမှာ အောက်ပါမူးယစ်ဆေးတွေကို အသုံးပြုလေ့ရှိပါတယ်။
- E (အက်စတာစီ) : အပြားလေးတွေဖြစ်ပြီး သောက်သုံးရင် စိတ်ကမ္ဘာပြောင်းကာ စည်းချက်တွေနဲ့ ကပြခြင်း၊ စိတ်ကူးယဉ်အတွေးများ ပိုမြင်လာခြင်းတို့ ဖြစ်စေတယ်။
- K (ကက်တမင်း) : မေ့ဆေးအမှုန့်ကို နှာခေါင်းမှတဆင့် ရှုသွင်းတတ်ပြီး စိတ်ဝိညာဉ်လွတ်လပ်မှုကို ခံစားရစေတယ်။
- Happy Water : ဓာတုပစ္စည်းရည်များ ဖျော်သောက်ရသည့် အရည်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးများကို မသိရှိကြပါ။
🫂ဘယ်သူတွေ သုံးစွဲနေကြလဲ?
လူငယ်တွေသာမက လူလတ်ပိုင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်စပ်ဒေသက လူအုပ်စုများပါ ပါဝင်နေပါတယ်။ Hi ခန်းတစ်ကြိမ်သွားရင် သိန်း ၁၀ မှ ၅၀ အထိ ကုန်ကျနိုင်ပြီး ဆေးဖိုးကလည်း သီးသန့်ရှိပါတယ်။ ငွေကြေးတတ်နိုင်သူတွေသာ မကြာခဏ သွားရောက်နိုင်တာကြောင့် လူငယ်အများစုထက် လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။
⚧︎Chemsex နဲ့ HIV ကူးစက်မှု အန္တရာယ်
- ကွန်ဒုံးမသုံးခြင်း : ဆေးသုံးပြီး မူးယစ်နေစဉ် လူမှန်းသူမှန်း မသိဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းက HIV ကူးစက်နှုန်းကို မြင့်တက်စေတယ်။
- ရည်ရွယ်ချက်ရှိရှိ ရောဂါဖြန့်ခြင်း : အချို့က မိမိတွင် HIV ရှိကြောင်း သိသော်လည်း တမင်သူတပါးကို ကူးစက်အောင် လုပ်ဆောင်နေကြတယ်။
- မိသားစုသို့ ပြန်ကူးခြင်း : Hi ခန်းမှ ကူးစက်ပြီး အိမ်ပြန်ရောက်တဲ့အခါ မိသားစုဝင်များဆီပါ ရောဂါပြန့်သွားနိုင်တယ်။
စာရင်းဇယားများ
- မြန်မာနိုင်ငံတွင် ART ဆေးသောက်သုံးနေရသူ ၄၅% သည် ရန်ကုန်မှ၊ ၂၅% သည် မန္တလေးမှ ဖြစ်ပြီး ယခင်ထက် နှစ်ဆပိုများလာတယ်။
☂︎ကာကွယ်နည်းများ
- ကွန်ဒုံးအမြဲသုံးပါ : လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို မဖြစ်မနေသုံးပါ။
- ဆေးသုံးစွဲခြင်းကို ရှောင်ပါ : မူးယစ်ဆေးသည် ဆုံးဖြတ်ချက်ချနိုင်စွမ်းကို လျော့ကျစေတယ်။
- သိရှိပြီးသားသူများကို သတိပေးပါ : Hi ခန်းသွားသူများကို HIV စစ်ဆေးဖို့ တိုက်တွန်းပါ။
⁉︎သတိပြုရန်
Chemsex သည် လူ့ဘဝကို တိုတောင်းစေပြီး HIV၊ စိတ်ကျန်းမာရေး၊ ငွေကြေးပျောက်ဆုံးမှုတို့ကို ဖြစ်စေနိုင်ပါတယ်။ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ “အပျော်လွန်၍ ဘဝမပျက်” ဆိုသည့် စကားကို အမြဲသတိရပါ။
အကြံပြုချက် : မူးယစ်ဆေးနှင့် အကာအကွယ်မဲ့လိင်မှုကို ရှောင်ရှားပါ။ သံသယရှိပါက HIV စစ်ဆေးမှုခံယူပြီး ART ဆေးကို ပုံမှန်သောက်သုံးပါ။