ဒေါက်တာနော်စင်သီယာမောင် အား ထိုင်းနိုင်ငံ Naresuan University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in ASEAN Studies) ချီးမြှင့်ခဲ့သည်။
ထိုင်းမြန်မာနယ်စပ်တစ်လျှောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် တိုင်းရင်းသားလူထုများအတွက် မယ်တော်ဆေးခန်းတည်ထောင်သူ ဆရာမကြီးဒေါက်တာနော်စင်သီယာမောင်ကို ထိုင်းနိုင်ငံမြောက်ပိုင်းရှိ Naresuan University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘွဲ့ချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ (၁၁) ရက်၊ ၂၀၂၅ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ထိုင်းဘုရင့်တော်ဝင်မိသားစု (Royal Thai) မှ Princess Maha Chakri Sirindhorn ကိုယ်တိုင်လာရောက်ချီးမြှင့်ပေးခဲ့သည်။
Naresuan University မှ နှစ်စဉ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့အတွက် သက်ဆိုင်ရာ တက္ကသိုလ်တာဝန်ရှိသူများမှ အဆိုပြုတင်ပြပြီး တက္ကသိုလ်ကောင်စီမှ ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။
ဆရာမကြီးဒေါက်တာနော်စင်သီယာမောင်အား Faculty of Social Sciences, Naresuan University မှ အဆိုပြုတင်ပြခဲ့ပြီး အာစီယံဒေသတွင်း လူသားအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နေသည့်အပြင် လူမှုအသိုက်အဝန်းအတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်စေသည့်အတွက် ယခုကဲ့သို့ ဘွဲ့ပေးအပ်ခြင်းဖြစ်ကြောင်း တက္ကသိုလ်ဘက်မှ ထုတ်ပြန်သည်။
ဆရာမကြီးဒေါက်တာနော်စင်သီယာမောင်သည် အာရှသူရဲကောင်းဆု အပါအဝင် ကျန်းမာရေး၊ ပညာရေးနှင့် လူသားအကျိုးပြုလူမှုထူးချွန်ဆုများစွာ ရရှိထားသူဖြစ်သည်။
