ငပလီကမ်းခြေရှိ စစ်ခေါင်းဆောင်များနှင့် ခရိုနီများ ပိုင်ဆိုင်သည့် ကြယ်ငါးပွင့်ဟိုတယ်များကို အာရက္ခပြည်သူ့အစိုးရ (AA/ ULA) က ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီဖြစ်သည်။
စစ်ခေါင်းဆောင် ဗိုလ်မှူးချုပ်မင်းအောင်လှိုင်၊ ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မောင်အေးနှင့် အခြားခရိုနီများ ပိုင်ဆိုင်သည့် ဟိုတယ်များအပါအဝင် စုစုပေါင်း အဆောက်အအုံ ၁၀၀ ကျော်ကို ချိတ်ပိတ်ခဲ့သည်။
ငပလီကမ်းခြေဇုံကို ၂၀၂၄ ဇူလိုင်လကတည်းက ULA က သိမ်းပိုက်ထားပြီး ယခုအခါ တရားဝင်စာကပ်ကာ အာရက္ခအစိုးရပိုင်အဖြစ် သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။
ချိတ်ပိတ်ခံရသည့် ဟိုတယ်များတွင် Amata၊ Amazing၊ Pristine Mermaid၊ Thande Hotel၊ Aureum Palace နှင့် Jade Marina Hotel တို့ပါဝင်သည်။
ထို့အပြင် သံတွဲ၊ တောင်ကုတ်နှင့် မောင်တောမြို့များရှိ စစ်ကောင်စီနှင့် ဆက်စပ်နေသည့် စီးပွားရေးသမားများ၏ နေအိမ်နှင့် လုပ်ငန်းများကိုလည်း ချိတ်ပိတ်သိမ်းဆည်းခဲ့သည်။
ရခိုင်ခရိုနီအဖြစ် နာမည်ကြီးသူ ဦးကျောက်တောင်၏ နေအိမ်နှင့် လုပ်ငန်းများကိုလည်း သိမ်းဆည်းလိုက်ပြီဖြစ်သည်။