မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ (သို့) ၂၀၂၆ ဇန်နဝါရီတွင် ကျင်းပမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လာရုစ်နိုင်ငံခရီးစဉ်အတွင်း မတ် ၇ ရက်က ပြောကြားခဲ့သည်။
သူက “၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ခဲ့သဖြင့် အရေးပေါ်အခြေအနေ ကြေညာကာ ယာယီတာဝန်ယူထားကြောင်း၊ ဥပဒေနှင့်အညီ လွတ်လပ်မျှတသော ရွေးကောက်ပွဲကို စီစဉ်မည်” ဟု ဆိုသည်။
သို့သော် ရွေးကောက်ပွဲနေ့ရက်အတိအကျ မကြေညာရသေးခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပက မေးခွန်းထုတ်နေသည်။
ယခင်က ၂၀၂၃ ဩဂုတ်တွင် ရွေးကောက်ပွဲကျင်းပရန် ကြေညာခဲ့သော်လည်း တိုက်ပွဲများကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ်အခြေအနေ ဆက်တိုးခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီသည် တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် မြို့နယ် ၉၀ ကျော်ကို ထိန်းချုပ်နိုင်ခြင်းမရှိ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အများစုတွင် မြန်မာစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲများ နေရာအနှံ့အပြား ဆက်လက်ဖြစ်ပွားနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် EROs လက်နက်ကိုင်အုပ်စုများကလည်း စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ဖျက်သိမ်းရန် ခြိမ်းခြောက်ထားသည်။

