ထိုင်းနိုင်ငံရောက် ဝိဂါဒုက္ခသည်များအား တရုတ်သို့ ပြန်လည်ပေးပို့သည့်အတွက် ဘန်ကောက်မြို့ရှိ သံရုံးအချို့က လုံခြုံရေးအထူးသတိပေးထားကြောင်း တွေ့ရသည်။
ထိုင်းနိုင်ငံရှိ အမေရိကန်နိုင်ငံသားများအနေဖြင့် အထူးသဖြင့် လူစည်ကားသော ခရီးသွားနေရာများတွင် အထူးသတိထားရန်၊ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအစီအမံများကို ပြန်လည်သုံးသပ်ရန်နှင့် ဒေသခံအစိုးရအရာရှိများ၏ ညွှန်ကြားချက်များကို လိုက်နာရန် အကြံပြုထားသည်။
ဝီဂါလူမျိုး ငယ်ရွယ်သူ ၄၀ အား ထိုင်းနိုင်ငံတွင် ၁၀ နှစ်ကျော် ထိန်းသိမ်းထားပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က တရုတ်နိုင်ငံ ရှင်းကျန်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း တရုတ်သံရုံးက အတည်ပြုခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ထိုင်းအစိုးရက ဝီဂါလူမျိုးများကို တရုတ်နိုင်ငံသို့ ပြန်ပို့ပြီးနောက် ဘန်ကောက်မြို့ရှိ ဖရာဘရာမာအီရာဝန် ဘုရားကျောင်း ဗုံးပေါက်ကွဲမှုမှုတွင် ဂျပန်နိုင်ငံသားအပါအဝင် အားလုံး ၂၀ သေဆုံး ပြီး ၁၂၅ ဦး ဒဏ်ရာရခဲ့သည်။
အလားတူ ဂျပန်သံရုံးကလည်း ဂျပန်နိုင်ငံသားများအား အန္တရာယ်ရှိသည့် အခြေအနေများကို သတိထားရန် သတိပေးချက်ထုတ်ပြန်လိုက်ကြောင်း၊ ယခုသတိပေးချက်သည် ၂၀၁၅ ခုနှစ်က ဘန်ကောက်မြို့လယ်ရှိ Erawan Shrin ဘုရားကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ဆင်တူသည့် အခြေအနေမျိုး ထပ်မံဖြစ်ပွားနိုင်သည်ကို စိုးရိမ်ရပြီး ထုတ်ပြန်ခြင်းဖြစ်သည်။
ဂျပန်သံရုံးက ထိုင်းနိုင်ငံတွင် နေထိုင်သူများနှင့် ခရီးသွားဧည့်သည်များအား အထူးသတိထားရန်၊ အထူးသဖြင့် ခရီးသွားဧည့်သည်များ စုဝေးလေ့ရှိသော နေရာများ၊ ပွဲတော်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ ဈေးဝယ်စင်တာများ၊ ဘုရားကျောင်းများနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစသည့် နေရာများတွင် အန္တရာယ်ရှိနိုင်သည်ဟု သတိပေးထားပါသည်။
ဤဖြစ်ရပ်များသည် တရုတ်နိုင်ငံ ရှင်းကျန့်ဒေသရှိ ဝီဂါလူမျိုးများစွာသည် တရုတ်နိုင်ငံတွင် ဖိနှိပ်ခံနေရပြီး အချို့မှာ ထိုင်းနိုင်ငံကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများမှတစ်ဆင့် တူရကီနိုင်ငံသို့ ထွက်ပြေးလာကြသည်ဟု သိရသည်။
ထိုင်းနိုင်ငံအနေဖြင့် ဝီဂါဒုက္ခသည်များကို စောင့်ရှောက်ရေးသည် အလွန်အထိမခံ ကိစ္စရပ်တစ်ခုဖြစ်ပြီး ယခုလတ်တလောတွင် ဝီဂါ ၄၀ ကို ပြန်လည်ပို့ဆောင်ခြင်းကြောင့် လုံခြုံရေးစိုးရိမ်မှုများ ပြန်လည်မြင့်တက်လာခဲ့ပါသည်။
ထို့ပြင် ၂၀၁၅ ခုနှစ် ဗုံးခွဲမှု နှစ်ပတ်လည်နီးကပ်လာသည်နှင့်အမျှ ထိုင်းလုံခြုံရေးအေဂျင်စီများသည် ဘန်ကောက်မြို့တစ်ဝှမ်းရှိ အဓိက ခရီးသွားနေရာများနှင့် သယ်ယူပို့ဆောင်ရေးဌာနများတွင် လုံခြုံရေးကို ပိုမိုတင်းကြပ်စွာ ထားရှိလျက်ရှိကြောင်း တွေ့ရသည်။