အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် အင်ဒိုးနီးရှားနိုင်ငံသား (၈၄)ဦးကို ဖေဖော်ဝါရီ (၂၇)ရက်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့သည်။
စစ်ကောင်စီအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများကို အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပြတ်ပြတ်သားသား တိုက်ဖျက်လျက်ရှိပြီး၊ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိသည်။

