သတင်းအကျဉ်းထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်၊ ဆိုင်းယော့မြို့နယ်၌ ဖေဖော်ဝါရီ ၂၆ ရက်တွင် ထိုင်းစစ်တပ်က မလေးရှားသို့ တရားမဝင် အလုပ်သွားရန် ရောက်နေသည့် မြန်မာနိုင်ငံသား ၂၈ ဦးကို ဖမ်းဆီးခဲ့သည်။
၎င်းတို့ထွက်ဆိုချက်အရ ဤသူများသည် သဘာဝနယ်စပ်လမ်းကြောင်းမှ တရားမဝင် ဝင်ရောက်လာပြီး လူကုန်ကူးသူများ၏ အကူအညီဖြင့် မလေးရှားသို့ ရောက်ရှိပါက ဘတ် ၂၀,၀၀၀ ပေးရမည်ဟု သိရသည်။
ဖမ်းဆီးခံသူများတွင် ထိုင်းအစိုးရထုတ်ပေးသည့် စာရွက်စာတမ်း မရှိဘဲ ထိုင်းဘာသာစကား မပြောတတ်ကြောင်း၊ ၎င်းတို့ကို ဆိုင်ယော့ရဲစခန်းသို့ အပ်နှံကာ ဥပဒေအရ အရေးယူမည်ဖြစ်သည်။