မြဝတီမြို့မှ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်နေသည့် တရုတ်နိုင်ငံသား ၆၂၁ ဦးကို ထိုင်းနိုင်ငံ၊ မဲဆောက်လေဆိပ်မှတဆင့် ယခုရက်ပိုင်းတွင် ၎င်းတို့၏ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
ဤလုပ်ငန်းစဉ်သည် ထိုင်း၊ တရုတ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူကုန်ကူးမှုနှင့် နိုင်ငံတကာ အင်တာနက်အခြေပြု မှောင်ခိုလုပ်ငန်းများကို နှိမ်နင်းရန် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည်။
ဤသို့ ပြန်လည်ပို့ဆောင်ရာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၃ ကြိမ်ခွဲ၍ လုပ်ဆောင်ခဲ့ပြီး စုစုပေါင်း ၆၂၁ ဦးကို ပြန်လည်ပို့ဆောင်ခဲ့ရာတွင် ၂၀ ရက်နေ့က ၂၀၀ ဦး၊ ၂၁ ရက်နေ့က ၃၀၀ ဦးနှင့် ၂၂ ရက် – ၁၂၁ ဦး အနက် ၁၁၁ ဦးကို မြဝတီမှ လက်ခံရယူပြီး ကျန် ၁၀ ဦးမှာ ယခင်ကတည်းက မဲဆောက်၌ စောင့်ဆိုင်းနေသူများဖြစ်သည်။
ဤလုပ်ငန်းစဉ်တွင် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ၎င်းတို့အား ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်မပြုကြောင်း ငြင်းဆိုလိုက်ပြီး၊ လူဝင်မှုကြီးကြပ်ရေးဌာန၏ ဇီဝမှတ်တမ်းစနစ် (Biometric System) တွင် မှတ်တမ်းတင်ကာ Blacklist စာရင်းသွင်းထားခဲ့သည်။
ထို့နောက် ၎င်းတို့အား မြဝတီမြို့မှ မဲဆောက်လေဆိပ်သို့ ပို့ဆောင်ပြီး China Southern Airlines လေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
Photo- CaoCao