ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့အတွင်း တရုတ်လောင်းကစားခန်းကို ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၁၃ ဦး၊ ထိုင်းနိုင်ငံသား ၁ ဦး အပါအဝင် ၁၄ ဦးကို ဖမ်းဆီးရမိသည်။
Phuket Poker Sport Club (PPSC) အမည်ရှိ တရားမဝင်လောင်းကစားခန်းကို ဖေဖော်ဝါရီလ ၂၀ ရက်၊ ည ၁၁:၀၀ နာရီအချိန်က ဖူးခက်ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ပိုလ်ကော်လယ်နယ် အက်ခလပ် ဘွန်းဆန်ချာရိုင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း ထိုင်းသတင်း CaoCao က ဖော်ပြသည်။
ဖြစ်စဥ်အတွင်း ပိုက်ဆံဖလှယ်ရန် ချစ်ပ်ပြား (တန်ဖိုး ၁,၀၃၀,၀၀၀ ဘတ်)၊ ပိုက်ကွန်ဖြင့် ငါးပစ်စက် ၂ လုံး၊ လျှပ်စစ်တိုးရိပ်ပျံစက် ၅ လုံး၊ ပိုကာစားပွဲ ၄ လုံးအပါအဝင် လောင်းကစားစက်ပစ္စည်း ၃၂ မျိုးတို့ကို ဖူးခက်ရဲတပ်ဖွဲ့မှ အထူးစုံစမ်းရေးအဖွဲ့နှင့် အခြားတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စီးနင်းစစ်ဆေး ဖမ်းဆီးမိခြင်း ဖြစ်သည်။
ဖမ်းဆီးထားသူများအား ဖူးခက်မြို့ရဲစခန်းသို့ အမှုဖွင့်တရားစွဲဆိုထားပြီး၊ လက်ကျန်ပူးပေါင်းသူများကို ဆက်လက်စုံစမ်းနေသည်။
Ref; CaoCao