ထိုင်းအစိုးရ၏ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ သည် HYDRA 888 နှင့် Mae Mon အပါအဝင် အွန်လိုင်းလောင်းကစားကွန်ရက်ကြီး နှစ်ခုအား ဖြိုခွဲရာတွင် ဘတ်သန်းပေါင်းများစွာ တန်ဖိုးရှိသော ဇိမ်ခံကား၊ သေနတ်၊ ရွှေထည်ပစ္စည်းများ၊ နာမည်ကြီးအမှတ်တံဆိပ်ပစ္စည်းများ ကို သိမ်းဆည်းရမိခဲ့ကြောင်း Khaosod English သတင်းဌာနက ဖော်ပြသည်။
အဆိုပါအွန်လိုင်းလောင်းကစားကွန်ရက်ကြီးမှ အဖွဲ့ဝင် ၁၈,၀၀၀ ကျော်ဖြင့် လစဉ် ဘတ်သန်း ၉၈၀ လည်ပတ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၁ တွင် ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြု၍ ပြသခဲ့သည်။
ထီ၊ စလော့ဂိမ်း အပါအဝင် တရားမဝင်လောင်းကစားမှုများကို ၄ နှစ်ကြာ လုပ်ကိုင်ခဲ့သည့် HYDRA 888 လုပ်ငန်းမှ လူ ၅ ဦးအား ဘတ် ၃၅ သန်းတန်ကား၊ သေနတ်များနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သော်လည် လုပ်ငန်းခေါင်းဆောင်က ဗီယက်နမ်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ဘတ် ၂ ဘီလီယံကျော် လည်ပတ်ခဲ့သော Mae Mon လုပ်ငန်းမှ ဇိမ်ခံကား၊ ရွှေထည်နှင့် အဖိုးတန်ပစ္စည်းများအပါအဝင် ဘတ်သန်း ၅၀၀ တန်ပစ္စည်းများ သိမ်းဆည်းရမိပြီး သံသယဖြင့် ၃၈ ဦးအား အမှုဖွင့်၍ ၁၈ ဦး ထိန်းသိမ်းခဲ့သည်။
ဤဖမ်းဆီးမှုမှာ ထိုင်းနိုင်ငံအတွင်း အွန်လိုင်းလောင်းကစားမှုများအား တိုက်ဖျက်ရန် စနစ်တကျစီမံထားသော လုပ်ဆောင်ချက်များကို မီးမောင်းထိုးပြထားပြီး အဆိုပါ သိမ်းဆည်းပစ္စည်းများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ဓာတ်ပုံ – HYDRA 888 ၏ လုပ်ငန်းနေရာများအား ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးနေစဉ် (ဓာတ်ပုံ – Khaosod English)။