ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသ၌ ထိုင်းအမျိုးသမီး (အသက် ၄၄ နှစ်) လူသတ်မှုဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသား အောင်ဇင်မျိုး (၂၃ နှစ်) ကို ယနေ့ (ဖေဖော်ဝါရီ ၂၀) တွင် ရဲက ဖမ်းဆီးထားသည်။
အောင်ဇင်မျိုးသည် ကာရာအိုကေဘားမှ အမျိုးသမီးအား ဟိုတယ်သို့ ခေါ်ဆောင်ရန် ဘတ် ၁ႋ၅၀၀ ပေးခဲ့ကြောင်း၊ ဟိုတယ်မှ ပြန်စဉ် ထပ်မံပျော်ပါးရန် ပြောဆိုရာတွင် အမျိုးသမီးက ငြင်းဆန်ပြီး ပါးရိုက်ခံရသဖြင့် ဒေါသထွက်ကာ လည်ပင်းညှစ်သတ်ခဲ့သည်ဟု ဝန်ခံထားသည်။
ဖြစ်စဉ်နေရာအနီးတွင် အရက်မူးလျက် လဲကျနေသည့် အောင်ဇင်မျိုးအား Ban Phaeo ရဲစခန်းတွင် ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်နေသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ဥပဒေနှင့်အညီ နေထိုင်ရန် အရေးကြီးပုံကို သတိပေးလိုက်ရခြင်းဖြစ်သည်။
Photo- Tiger
