တနင်္သာရီမြိုနယ်၊ ပနပ်ငယ်ရွာအနီးတွင် အရပ်သား ၂၀ ဦးခန့် လိုက်ပါလာသည့် ဘုရားဖူးမော်တော်ယာဥ်အား ယမန်နေ့က PDF များ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ (၁၀)ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၈ ရက် နေ့လည် ၂ နာရီကျော်ခန့်က ညောင်ပင်ကွင်းရွာမှ မြိတ်မြိုသိုမောင်းနှင်လာသည့် Light Truck ယာဉ်အား တနင်္သာရီမြိုနယ်၊ ပနပ်ငယ်ရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ဒဏ်ရာရသူများမှာ -(၁) ဒေါ်တင်မာခိုင် (၄၆) နှစ်၊ (၂) ဒေါ်ရှု (၆၄)နှစ်၊ (၃) မောင်ဟန်ဖြိုးခန့် (၁၈)နှစ်၊ (၄) ဒေါ်စန်းယု (၅၂) နှစ်၊ (၅) ဒေါ်မြင့်မော် (၄၇) နှစ်၊ (၆) မောင်ကျူဟန် (၁၈) နှစ်၊ (၇) မနှင်းဇူလိုင် (၁၅) နှစ်၊ (၈) ဒေါ်အေးမွန် (၅၄) နှစ်၊ (၉) ဒေါ်စန်းမော် (၅၀) နှစ်၊ (၁၀) ဒေါ်ပြုံး (၄၂) နှစ်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို မြိတ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးဝါးကုသမှုများ ခံယူနေကြောင်း သိရသည်။