တနင်္သာရီ – ထိုင်းနယ်စပ်တွင် မွန်လွတ်မြောက်ရေး တပ်တော် (Mon Liberation Force) အား ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း ယင်း တပ်တော်၏ အမိန့်ကြော်ငြာချက်အရ သိရသည်။
မွန်တို့၏ ကံကြမ္မာ မွန်တို့ကိုယ်ပိုင် ဆုံးဖြတ်ဖန်တီးနိုင်ရန်အတွက် (၁၃၈၆) ခုနှစ် တပို့တွဲလပြည့်နေ့၊ (၂၀၂၅) ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က မွန်လွတ်မြောက်ရေးတပ်တော် (Mon Liberation Force) က နိုင်ငံရေးစစ်ရေးဦးစီးအဖွဲ့ (၉) ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် မွန်လွတ်မြောက်ရေးတပ်တော် (Mon Liberation Force) ၏ မဟာမိတ်ဆက်ဆံရေး၊ နိုင်ငံခြားဆက်ဆံရေး၊ ဘဏ္ဍာရေးမှူး၊ နိုင်ငံတကာစည်းရုံးရေးမှူး အစရှိသည်ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
လက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအဖြင့် KNU တပ်မဟာ (၄) ဘိတ် – ထားဝယ်ခရိုင်လက်အောက်ခံ KNU/KNLA တပ်ဖွဲ့၊ ကော်သူးလေတပ်မတော် (KTLA) အပြင် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များစွာရှိနေကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူများထံမှ သိရသည်။


