မော်လမြိုင်- ၂၀၂၅ ဖေဖေါ်ဝါရီ (၁၁)
မော်လမြိုင်မြို့ရှိ ပညာရေးကောလိပ်တွင် (၂၀၂၄ – ၂၀၂၅) ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ဖွဲ့ဝင်များဖြစ်သော ကျောင်းဆရာ/ဆရာမ၊ ကျေင်းသား/ကျောင်းသူများ၏ စစ်ပညာသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ နံနက်ပိုင်းအချိန်က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွန်ကြားရေးမှူးရုံး၊ အမှတ် (၃) တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ ဦးစီးဖွင့်လှစ်သည့် အဆိုပါ (၂၀၂၄ – ၂၀၂၅) ပညာသင်နှစ်၊ တက္ကသိုလ်များ (မော်လမြိုင်) တပ်ဖွဲ့ဝင် ကျောင်းဆရာ/ဆရာမ၊ ကျေင်းသား/ကျောင်းသူများ၏ စစ်ပညာသင်တန်းဖွင့်ပွဲအခင်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းဦးစီးချုပ်၊ တပ်မတော်မှ အရာရှိကြီးများ၊ နယ်ဘက်မှ အရာရှိကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများနှင့် တပ်ဖွဲ့ဝင် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
၎င်းတက္ကသိုလ်များ (မော်လမြိုင်) တပ်ဖွဲ့ဝင် ကျောင်းဆရာ/ဆရာမ၊ ကျေင်းသား/ကျောင်းသူများ စစ်ပညာသင်တန်းအား သင်တန်းကာလ (၃) လကြာပြုလုပ်သွားမည်ဟုလည်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
ယခင်ကလည်း တက္ကသိုလ်လေ့ကျင့်ရေးတပ်အနေဖြင့် မော်လမြိုင်တက္ကသိုလ်တွင် စစ်သင်တန်းများ ဖွင့်လှစ်ခဲ့ဖူးကြောင်း သိရသည်။
