မော်လမြိုင်- ၂၀၂၅ ဖေဖေါ်ဝါရီ (၁၁)
နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) – BGF ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးချုပ် စောချစ်သူ နှင့် ထိပ်ပိုင်းခေါင်းဆောင်တချို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဝရမ်းထုတ်ရန် စီစဉ်နေကြောင်း ထိုင်းနိုင်ငံဘက်မှ လာသည့် သတင်းများအရ သိရသည်။
ဗိုလ်မှူးချုပ်စောချစ်သူ အပါအဝင်၊ ဗိုလ်မှူးကြီးစောမုတ်သုန်၊ ဒုတိယဗိုလ်မှူးကြီး စောတင်ဝင်း တို့အား လူကုန်ကူးမှုဆိုင်ရာအထောက်အထားများအရ ဖမ်းဝရမ်းထုတ်ရန် ထိုင်းအာဏာပိုင်များက စီစဉ်နေကြောင်း ထိုင်းသတင်းဌာနများက ဆိုထားကြသည်။
ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှင့် လူကုန်ကူးဂိုဏ်းများ၏ အတင်းအကြပ်စေခိုင်းခြင်းခံခဲ့ရသည့် အိန္ဒိယနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ လွတ်မြောက်သွားခဲ့ပြီးနောက် ထိုအထောက်အထားများအရ BGF တာဝန်ရှိသူများအား ဖမ်းဝရမ်းထုတ်နိုင်ရေး သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြသွးမည်ဖြစ်ကြောင်းလည်း သိရသည်။
ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှုဂိုဏ်းများတည်ရှိသည့် လောင်းကစားမြို့တော်ဟု နာမည်ကြီးနေသော ရွှေကုက္ကိုလ်မြို့သစ်မှာ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး၊ ထိုင်း – မြန်မာ နယ်စပ်မှ (၂၀) ကီလိုမီတာခန့်၊ မြဝတီမြို့မှ (၁၅) ကီလိုမီတာခန့်သာ ဝေးကွာနေ့ နေရာဒေသတွင် တည်ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
သို့ရာတွင် ယင်းသို့ ဖမ်းဝမ်းထုတ်ရန်စီစဉ်နေခြင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးကမူ သူ ဒီသတင်းမသိသေးကြောင်း၊ ဖမ်း၀ရမ်းစာရင်းပေါက်ကြားတာမျိုးက အားလုံးအတွက် အနုတ်သဘောဆောင်စေပြီး အကောင်အထည်ဖော်ရန် ခက်သွားနိုင်ကြောင်း ၎င်း၏ ယနေ့နံနက်သတင်းစာရှင်းလင်းပွဲတွင် ထပ်မံပြောဆိုသည်။

See insights and ads
All reactions:
88