၂၀၂၅ ဖေဖော်ဝါရီ (၇)
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ် ၊ နားဆာလဲကျေးရွာရှိ ငြိမ်းချမ်းရေးကွင်းရှိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အထိမ်းအမှတ် ကျောက်တိုင်ကို ယမန်နေ့ ဖေဖော်ဝါရီ (၆)ရက် နံနက်ပိုင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားဖွင့်ပွဲသို့ ကုလသမဂ္ဂ အထူးအကြံပေး ပုဂ္ဂိုလ် Mr.Vijay Nambiar၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးသံတမန် Mr.Sun Guoxiang ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂေါတမ် မူခပဒယာ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး၏ အထူးကိုယ်စားလှယ် Mr.Apichart Chinwanno၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ဂျပန်အစိုးရ အထူးကိုယ်စားလှယ် Mr.Yohei Sasa kawa တို့က သဝဏ်လွှာများပေးပို့ခဲ့သည်။
ထို ကျောက်တိုင်ဖွင့်ပွဲနှင့်အတူ (၇၈)နှစ် မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားကိုလည်း ဖွင့်လှစ်ပေးခဲ့ပြီး ဖေဖော်ဝါရီ (၇)ရက်မှ (၈)ရက်အထိ ကျင်းပမည့်ပွဲတော်အတွင်း နာမည်ကြီးအဆိုတော်များ ၊ သီပေါမြို့ ရှမ်းအမျိုးသားယဉ်ကျေးမှု ဇတ်သဘင်လည်း ပါဝင်ဖျော်ဖြေသွားမည်ဖြစ်သည်။
ထို့အပြင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့တို့ကလည်း သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြသည်ဟု သိရသည်။
Photo – Tai Freedom

See insights and ads
All reactions:
5959