မဲဆောက်- ၂၀၂၅ ဖေဖော်ဝါရီ (၈)
တာခ့်ခရိုင် ဖုတ်ဖရမြို့နယ်မှ ဒီဇယ်ဆီများ မြန်မာဘက်သို့ သယ်ဆောင်လာသူများကို ယမန်နေ့ညက ထိုင်းရဲဖမ်းမိကြောင်း သိရသည်။
Rajamangala အထူးစစ်ဆင်ရေးတပ်ဖွဲ့မှူး၊ ဖုတ်ဖရမြို့ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာကာကွယ်ရေးနှင့် သူကြီးတို့ ပူးပေါင်းပြီး ရှောင်တခင်ဂိတ်ဖွင့်လှစ်၍ မော်တော်ယာဥ်များအား စစ်ဆေးနေစဥ် ခဲရောင် Toyota Vigo တစ်စီးပေါ်မှ ၃၀ လီတာဝင် အပြာရောင်ဗူး ၂၀ လုံးပါ စုစုပေါင်း ဒီဇယ် ၆၀၀ လီတာနှင့်အတူ သယ်ဆောင်လာသူနှစ်ဦးအား ဖေဖော်ဝါရီ ၇ ရက်၊ ည ၁၁ နာရီအချိန်တွင် ဖမ်းဆီးရမိကြောင်း ကန်ချနပူရီသတင်းက ဖော်ပြသည်။
ထိုင်းမှတ်ပုံတင်မရှိသူ ၄င်းတို့နှစ်ဦးမှာ တာခ့်ခရိုင်တွင် ဒီဇယ် ၆ဝဝ လီတာကို ထိုင်းဘတ် ၁၉,၇၂၈ ဖြင့် ဝယ်ယူခဲ့ပြီး မြန်မာနိုင်ငံသို့ ရောင်းချရန်ဝန်ခံခဲ့ကြောင်း၊ ထိုင်းလုံခြုံရေးအဖွဲ့က အဆိုပါ ဒီဇယ်ဗူးအလုံး ၂၀ ကို သိမ်းဆည်းခဲ့ပြီး ဆက်လက်စစ်ဆေးကာ တရားဥပဒေအရ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းဘာသာ โจโฉ သတင်းက ဖော်ပြသည်။
Source; โจโฉ

See insights and ads
All reactions:
66