သံဖြူဇရပ်- ၂၀၂၅ ဖေဖေါ်ဝါရီ (၆)
သံဖြူဇရပ်မြို့တွင် အသက် (၆) နှစ်အရွယ် ကလေးငယ်တစ်ဦး အား အဒေါ်ဖြစ်သူမှ တံမြက်စည်းရိုးဖြင့် ရိုက်နှက်ခဲ့၍ လက်လွန်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သူ ကလေးငယ်မှာ သံဖြူဇရပ်မြို့၊ ဟံသာဝတီရပ်ကွက်၊ တောရကျောင်းလမ်းနေ အသက် (၆) နှစ်အရွယ် မနှင်းဖြူဖြူထွေး ဖြစ်ကြောင်း၊ ၎င်းအား တစ်အိမ်တည်းနေ အဒေါ်ဖြစ်သူ အသက် (၄၂) နှစ်အရွယ် ဒေါ်ငွေအောင်မှ အရှည် (၂) ပေခွဲ၊ လုံးပတ်ကျပ်လုံးခန့်ရှိ ဝါးဆစ်ပိတ် တံမြက်စည်းတုတ်ချောင်းဖြင့် ရိုက်နှက်ခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။
“မနေ့ ညနေပိုင်းက ကလေးက အဝတ်အစားအပုံပေါ်မှာ ဝမ်းသွားလို့ မစင်တွေက အဝတ်အစားတွေ၊ စောင်တွေပေါ်မှာ ပေကုန်လို့ အဒေါ်ဖြစ်တဲ့ မငွေအောင် က တံမြက်စည်းတုတ်နဲ့ ရိုက်လိုက်တာ ကလေးရဲ့ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာတွေရကုန်တယ်။ ပြီးတော့ ကလေးက အိပ်ပျော်သလို၊ သတိမေ့သွားသလို ဖြစ်သွားတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ယနေ့ မနက်ပို်ငးတွင် မနှင်းဖြူဖြူထက် အား ၎င်း၏ဖခင်ဖြစ်သူ ဦးသန်းဇော် နှိုးရာမှ မနှင်းဖြူဖြူထွေး မှာ သေဆုံးနေသည်ကို သိရှိကြရကြောင်း ၎င်းကဆိုသည်။
မနှင်းဖြူဖြူထွေး ၏ ရုပ်အလောင်းအား စေတနာရှင် လူမှုကူညီကယ်ဆယ်ရေးအသင်း မှ သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် သက်ဆိုင်ရာမှ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးနောက်၊ ထိုဖြစ်စဉ် နှင့် ပတ်သက်ပြီး ဒေါ်ငွေအောင် အား သံဖြူဇရပ်မြို့မရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Photo Credit – စေတနာရှင် လူမှုကူညီကယ်ဆယ်ရေးအသင်း (သံဖြူဇရပ်)
See insights and ads
All reactions:
273273