မြဝတီ- ၂၀၂၅ ဖေဖေါ်ဝါရီ (၃)
ထိုင်း – မြန်မာနယ်စပ် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီဒေသရှိ ရွှေကုက္ကိုလ်ဒေသမှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ သယ်ဆောင်လာသော ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းသုံး ကွန်ပြူတာများ၊ စမတ်ဖုန်းများ၊ ဆင်းကတ်များနှင့် ဆက်စပ်ပစ္စည်း အများအပြားအား ထိုင်းအာဏာပိုင်များက သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နံနက်ပိုင်းအချိန်က ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်လမတ်ကျေးရွာဘက်တွင် ထိုင်းစစ်တပ်မှ ဦးဆောင်သည့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ကင်းလှည့်ဆောင်ရွက်နေချိန်တွင် ဘန်သာလို – ဘန်နမ်ဒ်ဘွန်ဝမ် သွား တောလမ်းအတိုင်း ကုန်ပစ္စည်းများတင်ဆောင်လာသော မသင်္ကာဖဖွယ်ရာ အဖြူရောင် မော်တော်ယာဉ်တစ်စီးအား တားဆီးစစ်ဆေးခဲ့ရာမှ ယင်း ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းသုံး ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိခဲ့သော ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများမှာ ကွန်ပြူတာ (၁၉) စုံ၊ စမတ်ဖုန်း (၁၂၅၁) လုံး၊ ဖုန်းဆင်းကဒ် (၂၇၄) ကဒ်ပါဝင်ပြီး၊ ထို ပစ္စည်းများအား မြန်မာ – ထိုင်းနယ်စပ်သောင်ရင်းမြစ်ကမ်းအနီးရှိ မြန်မာနိုင်ငံဘက်ခြမ်း မြဝတီဒေသရှိ ကျားဖြန့် ခေါ် အွန်လိုင်ငွေလိမ်လုပ်ငန်းမှ သယ်ဆောင်လာခြင်းဖြစ်သည်ဟု ထိုင်းသတင်းဌာနများ၏ သတင်းဖေါ်ပြချက်များအရ သိရသည်။
ထို ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများကို ထိုင်းနိုင်ငံ မယ်လမတ်မြို့ပေါ်ရှိ ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတစ်ခုမှနဆင့် စလကဲ့ယောက်ခရိုင်၊ ဝပ်ထနာနခွန်မြို့နယ်၊ ဝပ်ထနာကျေးရွာရှိ နေအိမ်တစ်လုံးသို့ ပို့ဆောင်ပေးရန် ထိုင်းနိုင်ငံသား ယာဉ်မောင်း (၁) ဦးအား ထိုင်းဘတ်ငွေ (၅၀၀၀) ဘတ် ပေးကာ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများက ဖေါ်ပြကြသည်။
၎င်း ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများအား ထိုင်း – ကမ္ဘောဒီးယားနယ်စပ်သို့ ပို့ဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အား ကိုးကား၍ ထိုင်းသတင်းဌာနများက ဆိုကြသည်။
လက်ရှိတွင် ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည့် ထိုင်းနိုင်ငံသား ယာဉ်မောင်း နှင့် အခြားထိုင်းလူမျိုး အမျိုးသားတစ်ဦး အား မယ်လမတ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ကွင်းဆက်တရားခံများအား ဆက်လက်ဖမ်းဆီးရမိနိုင်ရေးအတွက် ထိုင်းရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်းလည်း သိရသည်။
ယခုနှစ် ဇန်နဝါရီလအတွင်းက ကရင်ပြည်နယ်၊ မြဝတီဒေသရှိ ရွှေကုက္ကိုလ်အခြေစိုက် ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေကြသည့် ဂိုဏ်းများနှင့် လူကုန်ကူးဂိုဏ်းများအား ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ဖမ်းဆီးအရေးယူမည်ဟု ပြောဆိုထားသည့်အတွက်ကြောင့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်တချို့မှာ အခြား ထိုင်း – မြန်မာ နယ်စပ်မြို့များဖြစ်သည့် ကရင်ပြည်နယ်အတွင်းရှိ ဘုရားသုံးဆူမြို့ နှင့် ရှမ်းပြည်နယ်ရှေ့ပိုင်းရှိ တာချီလိတ်မြို့များသို့ ပြောင်းရွေ့မှုများလုပ်ဆောင်နေကြောင်းလည်း ဒေသခံတွင်း သတင်းအရင်းအမြစ်များ၏ သတင်းဖေါ်ပြချက်များအရ သိရသည်။
See insights and ads
All reactions:
4242