အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ် – ဧရာဝတီတိုင်းဒေသကြီး နယ်စပ်ဒေသအချို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ စခန်းများဖြစ်သော ရက္ခိုင်ရိုးမတောင်တန်းမှ မိုးထိတောင်၊ ဧရာဝတီတိုင်းမှ ပွိုင့် ၂၆၃ နှင့် ပွိုင့် ၃၆၉ စခန်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။
စစ်ကောင်စီ၏ မိုးထိတောင်စခန်းကို ၅ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့သလို ဧရာဝတီ-ရက္ခိုင်နယ်စပ်ရှိ ပွိုင့် ၃၆၉ စခန်းကို ဇန်နဝါရီ ၂၁ ရက်၊ ပွိင့် ၂၆၃ စခန်းကို ဇန်နဝါရီလ ၂၆ ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်အတွင်း ကျန်ရှိနေသော မြို့နယ် ၃ မြို့နယ် သိမ်းပိုက်နိုင်ရေးထက် ရခိုင်နယ်စပ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ပိုမို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
စစ်တွေဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တွေကနေ လက်နက်ကြီး ပစ်တာတွေ ရှိသေးတယ်၊ အခုက ဘာအသံမှတော့ မကြားရတော့ဘူး။ ငြိမ်နေတယ်” ဟု ပြောသည်။
အလားတူ မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်စီးရိုးကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်းမပေါ်တွင် ဇန်နဝါရီလ ၂၇ ရက်က စစ်ကောင်စီ၏ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉)၊ (၁၄) တပ်ရင်း ပူးပေါင်းစစ်ကြောင်း နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရက္ခိုင်ရိုးမရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေပြီး စစ်ကောင်စီဖက်ကလည်း ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေခြင်းကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆင်နွှဲခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။
ရခိုင်ပြည်၏ မြို့တော် စစ်တွေ၊ တရုတ်အကျိုးစီးပွားရှိရာ ကျောက်ဖြူ နှင့် မာန်အောင်တို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး AA ထိန်းချုပ်ထားသော မြို့နယ်များကို စစ်ကောင်စီက မကြာခဏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
![](https://scontent.fbkk17-1.fna.fbcdn.net/v/t39.30808-6/475671567_551394561286075_8027446573873222509_n.jpg?stp=dst-jpg_s600x600_tt6&_nc_cat=104&ccb=1-7&_nc_sid=127cfc&_nc_ohc=hbYvSMBKYjIQ7kNvgGpMXOP&_nc_oc=AdiO9TnxKdfNlPOpH0cuYfl6I1ibpB4vYRr0FBB5QVQ08VS8R0Qzbxbb-011aBEhxAA&_nc_zt=23&_nc_ht=scontent.fbkk17-1.fna&_nc_gid=AuQ-R-K2kWwttCs-ANWUzF-&oh=00_AYACglzUXXe8Qw7hkxjNgNwIP24JyhQsjJisjwjZddZiWw&oe=679FAE2B)
![](https://scontent.fbkk17-1.fna.fbcdn.net/v/t39.30808-6/475745776_551394567952741_4100320300429549153_n.jpg?stp=dst-jpg_s843x403_tt6&_nc_cat=105&ccb=1-7&_nc_sid=127cfc&_nc_ohc=DddInzBejdIQ7kNvgF2Op81&_nc_oc=AdgqZb1-gZZLjrUyIDG0OedgRwmILO5Sj-Ad7MMbZsnHia6spjxdf_uQ_6buqyRdhL8&_nc_zt=23&_nc_ht=scontent.fbkk17-1.fna&_nc_gid=AuQ-R-K2kWwttCs-ANWUzF-&oh=00_AYDtAJjGnJVDZv3N6hQgyyneFQp5VIIaLeaXImLxeAklFg&oe=679F9FA6)
See insights and ads
All reactions:
22