ကျိုက်ထို- ၂၀၂၅ ဇန်နဝါရီ (၂၉)
ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာနေ အမျိုးသားတစ်ဦး ယခုရက်ပိုင်းတွင် ထပ်မံအသတ်ခံခဲ့ရပြန်ကြောင်း သိရသည်။
ဇန်နဝါရီလ (၂၇) ရက်နေ့ ည (၈) နာရီခွဲအချိန်ခန့်က အဆိုပါ မလော့ချောင်ကျေးရွာနေ အသက် (၄၀) နှစ်အရွယ် ဦးဝင်းအောင် ဆိုသူမှာ ၎င်း၏နေအိမ်အနီးတွင်ရှိနေစဉ် ဆိုင်ကယ်နှင့် သေနတ်သမား (၂) ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“အဲ့ဒီ ဇန်နဝါရီလ (၂၇) ရက်နေ့ ည (၈) နာရီခွဲ အချိန်လောက်မှာ သေနတ်သံ (၃) ချက်လောက်ကြားလိုက်ရတယ်။ ညကမှောင်နေတော့ ဘယ်နေရာမှာ ဘယ်လိုဖြစ်သွားလဲ မသိလိုက်ရဘူး။ နောက်မှ ကိုဝင်းအောင်က သူ့အိမ်နားမှာ သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတာလို့ သိရတာပါ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
သေနတ်ပစ်သတ်ခံခဲ့ရသည့် ဦးဝင်းအောင်၏ ဦးခေါင်း နှင့် နောက်ကျော၌ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။
ဦးဝင်းအောင်အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မသိရသေးပေ။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ (၂၂) ရက်နေ့ညပိုင်းကလည်း မလော့ချောင်ကျေးရွာနေ အသက် (၃၇) နှစ် အရွယ် ဦးစိုးနိုင်ဦး ဆိုသူမှာလည်း အမည်မသိ သေနတ်သမား (၂) ဦးမှ ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် သေဆုံးခဲ့သည်။
၎င်းအပြင် ပြီးခဲ့သည့် ဇန်နဝါရီလ (၁၂) ရက်နေ့က မွန်ပြည်နယ် ကျိုက်ထိုမြို့ဗိုလ်ချုပ်လမ်းပေါ်ရှိ Parrot လက်ဖက်ရည်ဆိုင်တွင် ကျိုက်ပိကျေးရွာ ဦးဆန်းမင်းဦး ဆိုသူမှာလည်း သေနတ်ပစ်သတ်ခံရပြီး သေဆုံးခဲ့သည်။
See insights and ads
Like
Comment
Share