ရန်ကုန်၊ ၂၀၂၅ ဇန်နဝါရီ ၂၈
စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီအချို့၏ ရပ်တည်ရေးအတွက် ယစ်မျိုးလိုင်စင်ချပေးမှာဖြစ်သည်ဟု သိရသည်။
နိုင်ငံရေးပါတီ ရန်ဘုံငွေ ရှာဖွေနိုင်ရေးဟုဆိုကာ ပါတီအချို့က စစ်ကောင်စီထံ လုပ်ငန်းလိုင်စင်များ ချပေးရန် ယခင်ကတည်းက တောင်းဆိုမှုများ ရှိခဲ့သည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီအစုအဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်နိုင်ရန် ရန်ဘုံငွေရရှိနိုင်မည့် လုပ်ငန်းကုမ္ပဏီများ ထူထောင်ရန်အတွက် ဘဏ်ချေးငွေများ ရယူနိုင်ရေး အကြံပေးတိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး ဘဏ်ချေးငွေ ရယူရန် ပိုင်ဆိုင်မှု အခက်အခဲ၊ ငွေကြေးအခက်အခဲများကြောင့် ယခုကဲ့သို့ ယစ်မျိုးလိုင်စင်များ ချပေးရန် လျှောက်ထားရခြင်းဟု သိရသည်။
တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီဝင်တစ်ဦးက “ကျနော်တို့က နိုင်ငံရေးသမားတွေ ဖြစ်တယ်။ တစ်သက်လုံး နိုင်ငံရေးပဲ လုပ်လာတာ၊ စီးပွားရေး ကုမ္ပဏီတွေ ထူထောင်ဖို့၊ လုပ်ငန်းလည်ပတ်ဖို့က ကျနော်တို့ ကျွမ်းကျင်တဲ့ အလုပ်လည်း မဟုတ်ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း နိုင်ငံရေးပါတီများနှင့် UEC တို့ တွေ့ဆုံစဉ် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တစ်ဦးက ယစ်မျိုးလိုင်စင်ချပေးရန် တောင်းဆိုခဲ့ပြီး အဆိုပါ တောင်းဆိုမှုမှာ မိမိတို့ UEC နှင့် မသက်ဆိုင်သည့်အတွက် သက်ဆိုင်ရာဌာနကို လျှောက်ထားရန် ပြောဆိုခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၅၃ ပါတီရှိကြောင်း သိရသည်။
စစ်ကောင်စီက ယခု ၂၀၂၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာလွှဲပြောင်းသွားမည်ဟု ပြောဆိုထားသလို တစ်ဖက်မှာလည်း အဆိုပါ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောထားသည်။
See insights
Boost unavailable
Like
Comment
Share