ဘန်ကောက်၊ ၂၀၂၅ ဇန်နဝါရီ (၂၈)
တရုတ်နိုင်ငံသားများကို ပြန်ပေးဆွဲခြင်း၊ ငွေညစ်ခြင်းတို့အတွက် မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် ထိုင်းရဲတပ်ဖွဲ့ဝင်အချို့ကို အရေးယူထားကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားဖော်ပြသည်။
ထိုင်းရဲတပ်ဖွဲ့ဝင် ၄ ဦးအပါအဝင် ရိန်းဂျားလက်နက်ကိုင်လုံခြုံရေးအဖွဲ့ဝင်တစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦး စုစုပေါင်း ၈ ဦးကို တရုတ်နိုင်ငံသား ၇ ဦးအား ဖျားယောင်းသွေးဆောင်မှုနှင့် အရေးယူထားခြင်းဖြစ်သည်ဟု ရေးသားသည်။
လာအိုနိုင်ငံအတွင်း လစာကောင်းသည့်အလုပ်ရရန် တရုတ်နိုင်ံငံသား ၇ ဦးကို ဖြားယောင်းသွေးဆောင်ခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း Ubon Ratchathani ပြည်နယ် Phibun Mangsahan ခရိုင်အတွင်းရှိ တည်းခိုခန်းတွင် ထိန်းသိမ်းထားကြောင်း၊ ထိုင်းဘတ်ငွေ ၂ သိန်းဖြင့်ရွေးယူရန် ငွေတောင်းခံခဲ့ရာ အထိန်းသိမ်းခံရသူတရုတ်လူမျိုးများက GPS မှတဆင့် ဆွေမျိုးများထံလှမ်းပို့ပြီး ထိုင်းရဲတပ်ဖွဲ့ထံအကူညီတောင်းခံခဲ့ကြောင်း၊ အဆိုပါတည်းခိုခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ ထိုင်းရဲအပါအဝင် အချို့အပါအဝင် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆိးရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံရုံးနှင့် ထိုင်းရဲအထူးတပ်ဖွဲ့တို့ပူးပေါင်းပြီး တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ကို မြန်မာ-ထိုင်းနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းထဲရောက်ရှိအောင် ဖြားယောင်းသွေးဆောင်သူဟု သံသယရှိသူတရားခံတစ်ဦးကိုလည်း ယခုလ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။
အဆိုပါတရုတ်သရုပ်ဆောင်ဖြစ်စဉ်က ငွေလိမ်ဂိုဏ်းများတွင် အဓမ္မအလုပ်ခိုင်းစေခြင်းခံနေရသည့် အာရှနိုင်ငံသားကို ကယ်တင်ရန်နှင့် မြန်မာ့ပြည်တွင်းနယ်စပ်ရှိ ငွေလိမ်ဂိုဏ်းများကိုနှိမ်နှင်းရန် ဒေသတွင်းနိုင်ငံများ ပိုမိုအာရုံစိုက်လာသည်။
Source- Bangkok Post.
See insights and ads
All reactions:
11