ရေဖြူ၊ ၂၀၂၅ ဇန်နဝါရီ(၂၃)
ရေး-ထားဝယ်လမ်းပိုင်း ရေဖြူမြို့နယ်၊ ၁၄ မိုင်ဘုန်းကြီးကျောင်းအကွေ့တွင် ဇန်နဝါရီလ ၂၂ ရက်နေ့မွန်းလွဲပိုင်းက ရေးမြို့မှလာသည့်ခရီးသည်တင်ယာဉ်တစ်စီချောက်ထဲပြုတ်ကျသဖြင့် ခရီးသည် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရေးမြို့ဘက်မှလာသည့် ခရီးသည်တင်ယာဉ်မှာ ရေဖြူမြို့နယ်၊ မင်းသားအုပ်စု၊ မော်ကြီးကျေးရွာရှိ အဆိုပါဘုန်းကြီးကျောင်းကွေ့အတွင် အရှိန်လွန်ကာ ပေ ၁၀၀ ခန့်ရှိချောက်ထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး Grade-11 တက်ရောက်နေသည့် ကျောင်းသူတစ်ဦးအပါအဝင် ခရီးသည်(၅)ဦးသေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအဝင် ခရီးသည်(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
”ရေးကကယ်ဆယ်ရေး ၂ သင်းသွားကူကြတယ်၊ အဆောင်ကနေအိမ်ကိုပြန်လာတဲ့ကျောင်းသူကတော့ ဆုံးသွားရှာတယ်၊ ယာဉ်မောင်းကတော့ ဒဏ်ရာအတော်ပြင်းတယ်၊ လိုအပ်တာအားလုံးကူညီပို့ဆောင်ပေးခဲ့ပါတယ် ” ဟု သွားရောက်ကူညီပေးခဲ့သူတစ်ဦးက ပြောကြားသည်။
ဒဏ်ရာရရှိသူများကို မော်လမြိုင်မြို့နှင့် ရေးမြို့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်းထန်သူယာဉ်မောင်းမှအပ ကျန်ခရီးသည် ၄ ဦးမှာ ၀မ်းဗိုက်၊ ဦးခေါင်းကွဲနှင့် လက်ကျိုးဒဏ်ရာများရရှိပြီး စိုးရိမ်စရာမရှိကြောင်း သိရသည်။
See insights and ads
All reactions:
7575