ချင်းမိုင်-၂၀၂၅ ဇန်(၁၅)
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိ မွန်အမျိုးသားကောလိပ် Mon National College-MNC နှင့် ထိုင်းနိုင်ငံ ချင်းမိုင် CMRU တက္ကသိုလ်အကြား ကျောင်းသား ဖလှယ်ရေး ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဥ်များနှင့် ချင်းမိုင် Rajabhat University မှာ ဘွဲ့ဒီဂရီတက်ရောက်သင်ကြားနိုင်ရန် ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့က နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ကြသည်။
ချင်းမိုင်မြို့ Chiang Mai Ragabhat University (CMRU) တက္ကသိုလ်၌ ကျင်းပသည့် အဆိုပါအခမ်းအနားတွင် CMRU ပါမောက္ခ Assoc Prof. Dr. Chatri Maneekosol နှင့် မွန်အမျိုးသားကောလိပ် MNC ကျောင်းအုပ်ကြီး ဒေါက်တာပညာမွန်တို့က နားလည်မှု စာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။
MoU လက်မှတ်ရေးထိုးပွဲသို့ Rajabhat University ခေတ္တဥက္ကဌ ပါမောက္ခ Assoc Prof. Dr. Chatri Maneekosol နှင့် Asst Prof. Dr. Dusadee Rangsichatchawan, Assistant President, Prof. Dr. Worasuda Wattanawong, Office of Director နိုင်ငံတကာရေးရာနှင့် လက်ထောက်ပါမောက္ခ Kamolwan Sangseekaew၊ International College ၏ ဒုတိယဌာနမှူး နှင့် မွန်အမျိုးသားပညာရေးကော်မတီ MNEC ဥက္ကဌ နိုင်အေးမွန်၊ မွန်အမျိုးသားကောလိပ် MNC ကျောင်းအုပ်ကြီး ဒေါက်တာပညာမွန်နှင့် မွန်အမျိုးသားပညာရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း CMRU Website သတင်းက ဖော်ပြသည်။
အလားတူ မွန်အမျိုးသားကောလိပ် MNC သည် အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့အခြေစိုက် Purdue တက္ကသိုလ်နှင့်လည်းကောင်း၊ ထိုင်းနိုင်ငံ Payap တက္ကသိုလ်နှင့်လည်းကောင်း ပညာရေးပူးပေါင်းဖလှယ်ရေးအတွက် MoU လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
See insights and ads
All reactions:
263Non Htaw and 262 others