ဘန်ကောက်- ၂၀၂၅ ဇန် (၁၅)
ကျားဖြန့်ဂိုဏ်းတစ်ခုက AI နည်းပညာကို အသုံးပြု၍ လိမ်လည်ရန်ကြိုးစားခဲ့သည်ကို ကြုံဖူးကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ထိုင်းမီဒီယာများကို ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဖုန်းခေါ်ဆိုသူက နိုင်ငံတစ်ခုမှ ခေါင်းဆောင်တစ်ဦးအဖြစ် ဟန်ဆောင်ခဲ့ပြီး နိုင်ငံအတွက် အလှူငွေတွေ မလှူဒါန်းရသေးဟု လိမ်လည်ပြောဆိုခဲ့သလို တခြားအာဆီယံခေါင်းဆောင်များကိုလည်း ကျားဖြန့်ဂိုဏ်းက အလားတူ ဆက်သွယ်ပြောကြားခဲ့သည်ဟု ဆိုသည်။
၎င်းဖြစ်စဥ်ကို ဒစ်ဂျစ်တယ်ဝန်ကြီး Prasert Chantararuanthong အား အသိပေးခဲ့ပြီး ၎င်း၏ဖုန်းတွင် အသံမက်ဆေ့ချ်ကျန်ခဲ့သည့် အကောင့်နံပါတ်မှာ နိုင်ငံတစ်ခုမှ ခေါင်းဆောင်တစ်ဦး၏ နိုင်ငံတည်နေရာမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့အတူ Pheu Thai ပါတီ ဦးဆောင်သည့် လက်ရှိ ထိုင်းအစိုးရသည် လူကုန်ကူးသူများနှင့် အွန်လိုင်း ငွေကြေးလိမ်လည်ဂိုဏ်းများက ထိုင်းနိုင်ငံကို တဆင့်ခံဖြတ်သန်းသည့်နယ်အဖြစ် အသုံးပြုနေသည့်အပေါ် ထိထိရောက်ရောက် နှိမ်နှင်းနိုင်ခြင်း မရှိကြောင်း ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ အမတ် Rangsiman Rome က Rangsiman Rome က ဝေဖန်ပြောကြားလိုက်သလို မြန်မာနိုင်ငံဘက်က အွန်လိုင်းငွေကြေး လိမ်လည်ဂိုဏ်းများကို နှိမ်နှင်းရန် နယ်ခြားကို လုံခြုံအောင် တင်းကြပ်ပြီး စောင့်ကြည့်ရေးနယ်မြေတွေ သတ်မှတ်ဖို့ ထိုင်းအစိုးရကို တိုက်တွန်းလိုက်ကြောင်း The Nation သတင်းစာက ရေးသားသည်။