မုဒုံ- ၂၀၂၅ ဇန်နဝါရီ (၁၄)
မုဒုံမြို့နယ် ရောင်းဒေါင်း နှင့် ကွမ်လှာကျေးရွာကြား မုဒုံ – သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်ကောင်စီ၏ စစ်ယာဉ်တန်းအား မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီလ (၁၃) ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်က မုဒုံဘက်မှ သံဖြူဇရပ်ဘက်သို့ မောင်းနှင်လာသည့် ကားသုံးစီးပါ စစ်ကောင်စီယာဉ်တန်းအား NMSP (AD) မှ သတင်းအရ သွားရောက်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NMSP (AD) မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရှိထားရပြီး၊ အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း NMSP (AD) က ဆိုထားသည်၊ သို့ရာတွင် ကောင်းဝါမှ ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။
NMSP (AD) မှ စစ်ကောင်စီယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်စဉ် သံဖြူဇရပ်နှင့် မုဒုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း NMSP (AD) မှ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကဒါကျေးရွာ နှင့် တောင်ကလေးကျေးရွာရှိ ရဲစခန်းများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦး သေဆုံးကာ (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NMSP (AD) ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
See insights and ads
All reactions:
5454