ဘန်ကောက်- ၂၀၂၅ ဇန်နဝါရီ (၁၄)
နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လူပေါင်း ၆၀၀၀ ကျော်ကို မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့များ၏ ပံ့ပိုးမှုဖြင့် တရုတ် နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းများက ဖမ်းဆီးထိန်းသိမ်းထားကြောင်း လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက် Civil Society Network for Victim Assistance in Human Trafficking မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ် နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းများသည် ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဟုခေါ်သော ကရင် နယ်ခြားစောင့်တပ် (BGF) အပါအဝင် ဒေသတွင်း လက်နက်ကိုင် အဖွဲ့များ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ပြီး တာ့ခ်ခရိုင် မဲဆောက်မြို့သည် လူကုန်ကူးမှု၏ အဓိက အချက်အချာကျသော နေရာအကူးအပြောင်းပြုလုပ်သည့်နေရာအဖြစ် ဖေါ်ပြထားသည်။
မဲဆောက်မြို့သည် မြန်မာအခြေစိုက် ရာဇ၀တ်ဂိုဏ်းများအတွက် အဓိက ဖြတ်သန်းရာနေရာအဖြစ် တည်ရှိနေသည်ကို သတိပြုစေလိုကြောင်း ထိုင်းနိုင်ငံ၏ အခွင့်အရေး ကော်မရှင်ကို အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကွန်ရက်နှင့် နိုင်ငံတကာ အေဂျင်စီများက ထောက်ပြသည်။
တရုတ်နိုင်ငံသား ၃၉၀၀ အပါအဝင် သေဆုံးသူများမှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများ ပြင်းထန်စွာခံခဲ့ရပြီး ၎င်းတို့၏ မိသားစုများသည် မတန်တဆ ပြန်ပေးငွေပေးဆောင်စေရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း လူကုန်ကူးခံရသူများကို ကယ်တင်ပေးဖို့ အရေးပေါ် ကြားဝင်ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) ထံသို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်သည် ကင်ညာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ လာအို၊ ကာဇက်စတန်နှင့် ဥဇဘက်ကစ္စတန် နိုင်ငံကိုးနိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ ပြီးခဲ့သည့် သောကြာနေ့က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
Source; The Nation
See insights and ads
Like
Comment
Share