ကျိူက်မရော- ၂၀၂၅ ဇန်နဝါရီ (၁၃)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကဒါကျေးရွာရှိ ရဲစခန်းနှင့် တောင်ကလေးကျေးရွာရှိ ရဲစခန်း တို့အားမွန်ပြည်သစ်ပါတီ (စစ်အာဏာရှငိတိုက်ဖျက်ရေး) NMSP – AD က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦး သေဆုံးကာ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း NMSP – AD မှ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၀) ရက်နေ့က စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့တို့ တပ်စွဲထားသည့် ကဒါကျေးရွာ ရှိ ရဲစခန်းအတွင်းသို့ NMSP-AD က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်မှ (၅) ဦး သေဆုံးကာ (၃) ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု NMSP – AD ဆိုထားသည်။
ထို့အတူ ဇန်နဝါရီလ (၁၂) ရက်နေ့ကလည်း စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့တို့ တပ်စွဲထားသည့် တောင်ကလေးကျေးရွာရှိ ရဲစခန်းကိုလည်း ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၁) ဦး သေဆုံးကာ (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။
မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP – AD အနေဖြင့် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
NMSP – AD က ထုတ်ပြန်ပြောဆိုထားသည့်အတိုင်း အခြားသော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်းသာမက ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာပါ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် နေကြောင်း သိရသည်။
See insights and ads
All reactions:
106106