ထားဝယ်- ၂၀၂၅ ဇန်နဝါရီ (၉)
တနသႅာရီတိုင်း KNU တပ်မဟာ ၄ KNLA နယ်မြေ သရက်ချောင်းမြို့နယ်တွင် ကရင်တော်လှန်ရေးတပ်ဖွဲအချင်းချင်းဖြစ်သည့် KNU တပ်ဖွဲ့နှင့် ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီးခဲ့ပြီး ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။
လွန်ခဲ့သည့်သီတင်းပတ်ခန့်ကလည်း ထားဝယ်မြိုနယ်၊ မေတ္တာ-ထီးခီးလမ်း၌ KNU တပ်ရင်း ၁၀ ကားတစ်စီးကို KTLA က စောင့်ကြိုပစ်ခတ်ရာတွင် တပ်ခွဲမှူးတစ်ဦး သေဆုံးခဲ့ပြီး ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်း ဖြစ်သည်။
ဒေသခံတစ်ဦးက “ကော်သူးလေအာမီက KNU ဂိတ်ကို လာပစ်တာ၊ နှစ်ဖက်လုံးက အပြန်အလှန်ပစ်ကြတာပဲ”ဟု ဆိုသည်။
သရက်ချောင်းမြို့နယ်၊ ကဒက်ချောင်းရွာ ခေါ် ထီးဖာဒိုရွာ၌ ယမန်နေ့ နံနက်စောစောတွင် KTLA တပ်ရင်း ၃ က ဗိုလ်ဒါးကေအဖွဲ့ဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း KTLA ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရပြီး ကားတစ်စီး ကျန်ခဲ့ကြောင်း ၄င်းကဆက်ပြောသည်။
ဗိုလ်ဒါးကေသည် ပြီးခဲ့သည့်ဒီဇင်ဘာလတွင် တပ်မဟာ ၄ KNLA (တပ်ရင်း ၁၂) မှ ဒုတပ်ခွဲမှူးကို အရှေ့တောဒေသ၌ လုပ်ကြံပစ်သတ်ခဲ့ပြီးနောက် KNU တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးပြုလုပ်၍ လိုက်လံရှာဖွေရင်း ယခင်အခြေစိုက်သည့်နေရာမှ ရှောင်တိမ်းနေရသူဖြစ်ကြောင်း ကရင်တော်လှန်ရေးအသိုင်းအဝိုင်းမှ သိရသည်၊
See insights and ads
All reactions:
5757