ဘန်ကောက်-၂၀၂၅ ဇန်နဝါရီ (၁၀)
ထိုင်းနိုင်ငံအတွင်း အသက် ၂၁ နှစ်အရွယ် တရုတ်နိုင်ငံသူ မစ္စ Wu Jiaqi ပျောက်ဆုံးနေပြီး လူကုန်ကူးခံရမည်ကိုစိုးရိမ်သဖြင့် ရှာဖွေပေးရန် မိဘများက ဇန်နဝါရီ ၈ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ထံ တိုင်ကြားထားကြောင်း Khaosod English သတင်းက ဖော်ပြသည်။
တရုတ်မင်းသား Wang Xing ကဲ့သို့ လူကုန်ကူးသူများ၏ သားကောင်ဖြစ်မည်ကို စိုးရိမ်သဖြင့် မစ္စ Wu Jiaqi ၏ ဖခင်ဖြစ်သူ မစ္စတာ Weidong ကိုယ်တိုင် လာရောက်၍ သုဝဏ္ဏဘူမိလေဆိပ် ရဲစခန်းနှင့် ခရီးသွားရဲများကို တိုင်ကြားခဲ့သည်။
မကြာသေးမီက ကောလိပ်ဘွဲ့ရခဲ့သည့် မစ္စ Wu Jiaqi သည် လူမှုကွန်ယက်မှတဆင့် တစ်လကြာခန့်က သိကျွမ်းခဲ့သည့် တရုတ်သူငယ်ချင်းတစ်ဦးနှင့်အတူ မိဘများမသိရှိစေဘဲ ဇန်နဝါရီ ၆ ရက်နေ့က ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း၊ Don Mueang ဒေသရှိ ဟိုတယ်တခု၌ တည်းခိုမည်ဖြစ်ကြောင်း၊ we chat မှတဆင့် မိခင်ထံသို့ သူမ၏တည်နေရာနှင့် အစီအစဉ်များ ပေးပို့ခဲ့ကာ ညနေပိုင်းတွင် အဆက်အသွယ်ပြတ်တောက်သွားကြောင်း၊ လူကုန်ကူးခြင်းခံရမည်ကို စိုးရိမ်ရသောကြောင့် မစ္စ Wu Jiaqi ၏ ဖခင်ဖြစ်သူ က ထိုင်းနိုင်ငံသို့လာရောက်ကာ ထိုင်းရဲတပ်ဖွဲ့ထံ လာရောက်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် CCTV အချို့ အလုပ်မလုပ်သဖြင့် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် စစ်ဆေးမှုများအခက်အခဲဖြစ်နေကြောင်း၊ ဟိုတယ်မှ CCTV များကိုခြေရာခံကာ အသေးစိတ်စစ်ဆေးနေကြောင်း သိရသည်။
တရုတ်မင်းသား Wang Xing လူကုန်ကူးခံရမှုဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းထိခိုက်မှုကို ကာကွယ်ရန်အတွက် ထိရောက်စွာ စီမံခန့်ခွဲမည်ဟု ဝန်ကြီးချုပ် Shinawatra က ထုတ်ဖော်ပြောဆိုထားပြီး ယခုအခါ တရုတ်နိုင်ငံသူတစ်ဦး ထပ်မံပျောက်ဆုံးခဲ့ခြင်းလည်း ဖြစ်သည်။
Photo-မိဘများက ထိုင်းရဲအရာရှိများအား တွေ့ဆုံရှင်းပြစဥ်။
![](https://scontent.fbkk17-1.fna.fbcdn.net/v/t39.30808-6/472849704_535717922853739_984445265908031566_n.jpg?stp=dst-jpg_s600x600_tt6&_nc_cat=106&ccb=1-7&_nc_sid=127cfc&_nc_ohc=rnLxj-DjoZYQ7kNvgGedFLO&_nc_oc=AdgR0xFMDe4XM17jcC--SyN53a-dJaeE1WMHwUXG6Fe1oLulzLP42e3S_kJV-NN8yoM&_nc_zt=23&_nc_ht=scontent.fbkk17-1.fna&_nc_gid=ArHxNRUN3EUdij2x0EoFaYG&oh=00_AYBY_PYevTntJlTrOBGFOBovmXnyAjU_32WzK69iuECivQ&oe=6786987D)
![](https://scontent.fbkk17-1.fna.fbcdn.net/v/t39.30808-6/472836178_535718009520397_3748488828400072770_n.jpg?stp=dst-jpg_s600x600_tt6&_nc_cat=101&ccb=1-7&_nc_sid=127cfc&_nc_ohc=BqAxpRQgbk4Q7kNvgG8cCC_&_nc_oc=AdhCv4OI74r2WwaZu7kxCKU7ZKfrUqjDJWZ4XWxYl_aDZrSdQtYdjj-28fSeOrk9ges&_nc_zt=23&_nc_ht=scontent.fbkk17-1.fna&_nc_gid=ArHxNRUN3EUdij2x0EoFaYG&oh=00_AYAV0F_MWhbvG1tdlDxmZqSnaEf34pIwXDpOyFfWiJBQdQ&oe=6786ACF4)
See insights and ads
All reactions:
1313