ဘန်ကောက်- ၂၀၂၅ ဇန်နဝါရီ (၈)
နှစ်သစ်ကူးကာလမတိုင်မီအချိန်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ ယောက်က ထိုင်းတစ်ယောက်ကို ဝိုင်းဝန်းထိုးကြိတ်ခဲ့သဖြင့် ထိုင်းရဲက ဇန်နဝါရီလ ၇ ရက်နေ့၌ ခြေရာခံ ဖမ်းဆီးမိပြီး ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၂ ရက်နေ့က စမွတ်ဆာခွန်ခရိုင်၊ မူယန်မြို့နယ်၊ ထာ့ဆိုင်ကျေးရွာရှိ ဝပ်ခေါင်ခု စာသင်ကျောင်းအနီးတွင် ပြုလုပ်သည့် စတိတ်ရှိုးစင်ရှေ့၌ ကခုန်နေသည့် ထိုင်းတစ်ဦးက မြန်မာတစ်ဦး၏ ခြေထောက်ကို မတော်တဆနင်းမိခဲ့ရာမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ က ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြသည်ဟု ထိုင်းသတင်းက ဖော်ပြသည်။
ထိုးကြိတ်ခံရသည့် ထိုင်းနိုင်ငံသားမှ သက်ဆိုင်နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ရာ CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးခဲ့ပြီး သံသယရှိသူများ၏ နေအိမ်ကို ခြေရာခံရှာဖွေကာ မြန်မာနိုင်ငံသား ၆ ဦးစလုံးကို ထိုင်းရဲက ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို တရားမဝင် တုတ်၊ ဓါးလက်နက်ကိုင်ဆောင်မှု အရက်သေစာသောက်စား၍ မူးယစ်ရမ်းကားမှု၊ ပြည်သူလူထုအား ထိန့်လန့်စေမှုတို့ဖြင့် ဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရသည်။