ရေးမြို့အရှေ့ဘက်ခြမ်း ကျုံလောင်းရွာဟောင်းနှင့် အနီးဝန်းကျင်သို့ ရေးအခြေစိုက် စကခ(၁၉)မှ လက်နက်ကြီးဖြင့် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်စောပိုင်းမှ နေ့လယ်ပိုင်းအထိ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေမှုကြောင့် ဒေသခံများနှင့် ခြံလုပ်သားများ တိမ်းရှောင်နေကြရကြောင်း သိရသည်။
ထို့ပြင် ရေး-ထားဝယ်လမ်းပိုင်း ရေးမြို့အဝင် အဓိကတံတားတစ်စင်းကိုလည်း နံနက်ပိုင်းကတည်းက မွန်းလွဲအချိန်အထိ ပိတ်ဆို့ထားပြီး စစ်တပ်အင်အား ၁၀၀ နီးပါးခန့် ရေးအရှေ့ပိုင်းရှိ ရေး-ကျုံလောင်းကျေးရွာဘက်သို့ တက်သွားကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောကြားသည်။
” ရွာဘက်ကလူတွေရော ရွာတဝိုက်ခြံတွေက လူတွေရော ပြေးနေကြတယ်၊ PDF တွေသတင်းရလို့ ပစ်တာလို့ကြားတယ်၊ ရော်ဘာခြံတွေထဲအဓိကကျတော့ ခြံသမားတွေတော့ မနေရဲကြတော့ဘူး၊ ဝယ်ပေါင်ဘက်ကိုပဲ အဓိကပြေးကြတယ်၊ မွန်ပြည်သစ်နယ်မြေဘက်လည်းပြေးကြတယ်၊ တိုက်ပွဲမဖြစ်ဘဲနဲ့ကို ပစ်နေတာ၊ ခုတခေါက်တော့ အရင်ကထကက် အချက်ရေပိုများတယ်၊ လက်ရှိကတော့ ရေးအရှေ့ပိုင်းနဲ့ ရေးမြို့ လမ်းပန်းဆက်သွယ်ရေးပြတ်နေဆဲပဲ” ဟု ကျုံလောင်းရွာဟောင်းနေ ဒေသခံတစ်ဦးက ယနေ့မွန်းလွဲ(၃)နာရီတွင် ပြောကြားခဲ့သည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ထိခိုက်မှုမရှိသော်လည်း ကျုံလောင်းရွာဟောင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ စာသင်ကျောင်းများ ပိတ်ထားရပြီး ရေးတံတားကြီးအလွန်ရှိ တောင်ကုန်းများတွင် စစ်ကောင်စီက လက်နက်ကြီးများ အသင့်ပြင်ဆင်ထားကြောင်း ဒေသခံများက ပြောကြားသည်။
See insights and ads
All reactions:
2323