နေပြည်တော်- ၂၀၂၅ ဇန်နဝါရီ (၄)
ယနေ့ ကျရောက်သည့် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော စစ်ကောင်စီဥက္ကဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဝဏ်လွှာတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရေး ဖိတ်ခေါ်နေကြောင်း ပြောကြားလိုက်သည်။
ယနေ့နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပသည့် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ စစ်ကောင်စီ ဥက္ကဌ တက်ရောက်ခြင်းမရှိဘဲ ၄င်း၏ သဝဏ်လွှာကို ဒုက္ကဌ ဒုချုပ်စိုးဝင်းက ဖတ်ကြားသွားခဲ့ရာတွင် လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုများအပေါ် ဖြေရှင်းပေးသွားမည်မဟုတ်ကြောင်း အတိအလင်း ကြေညာထားပြီး ဖြစ်ကြောင်း ဆိုသည်။
”လက်နက်ကိုင်အကြမ်းဖက်တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူး၊ ဒီအတွက် လက်နက်ကိုင် ပဋိပက္ခတွေနဲ့ သဘောထားကွဲလွဲ မှုတွေကို ဥပဒေ နဲ့ အညီ ထိန်းသိမ်းဆောင်ရွက်သွားဖို့ တိုက်တွန်းကြောင်း”ဟု ထည့်သွင်း ပြောကြားခဲ့သည်။
စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အစိုးရကို အာဏာလွှဲပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်လောင်း ကတိပြုပြောကြားလိုက်သည်။
ထို့ပြင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဥ်းသား ၅၈၆၄ ဦးကို ခံဝန်ဖြင့် စစ်ကောင်စီ က လွတ်ငြိမ်းခွင့် ပြုခဲ့ပြီး တကျွန်းအကျဥ်းသား ၁၄၄ ဦး ကို ထောင်ဒဏ် ၁၅ နှစ်သို့လျှော့ပေါ့ကြောင်း သတင်းရရှိသည်။
#လွတ်လပ်ရေးနေ့
#နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး
#စစ်ကောင်စီဖိတ်ခေါ်
#စစ်ကောင်စီဥက္ကဌ
#ဝန်ကြီးချုပ်
#ဗိုလ်ချုပ်မှူးကြီး
#မင်းအောင်လှိုင်
#သဝဏ်လွှာ
#KawaoNewsgroup