ယနေ့ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံကျဉ်းထောင် မှ အကျဉ်းသား (၂၇) လွတ်မြောက်လာကြောင်း ကနဦး သိရသည်။
(၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့၌ အကျဉ်းသား/သူ (၅၈၆၄) ဦးကို ၎င်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီမှ ယနေ့နံနက်ပိုင်းအချိန်က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ မှ အမိန့်အမှတ် ၂/၂၀၂၅ ဖြင့် အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေရမှုများမှ အကျဉ်းသား/သူ (၅၈၆၄) ဦးအား လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နှင့် လွတ်ငြိမ်းခွင့်ပြုရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ထပ်မံပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#သထုံအကျဉ်းထောင်
#လွတ်လပ်ရေးနေ့
#လွတ်ငြိမ်းခွင့်
KawaoNewsgroup
အကျဥ်းထောင်မှ လွတ်မြောက်လာသူများ (ပုံဟောင်း)