ကော့သောင်း၊ ၂၀၂၄ ဒီဇင်ဘာ (၁၇)
နယ်မြေကျော်လွန်လာသော ထိုင်းငါးဖမ်းလှေများကို မြန်မာရေတပ် ပစ်ခတ်ဖမ်းဆီးထားသော ထိုင်းငါးဖမ်းလှေမှ ထိုင်းရေလုပ်သား ၄ ဦးနှင့် မြန်မာ ၂၇ ဦး စုစုပေါင်း (၃၁) ဦးတို့ကို ဒီဇင်ဘာ ၁၆ ရက်နေ့က ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်လိုက်ကြောင်း ကော့သောင်းမြို့ တရားရုံးမှ သိရသည်။
ထိုင်း ရေလုပ်သားခေါင်းဆောင်အား ထောင်ဒဏ် (၆)နှစ်နဲ့ ငွေဒဏ် ကျပ် (၂)သိန်း၊ ကျန်ထိုင်းနှင့်မြန်မာရေလုပ်သား (၃၀)ဦးကို ထောင်ဒဏ် (၄)နှစ်စီနှင့် ငွေဒဏ် ကျပ် (၂)သောင်း စီ ချမှတ်ခဲ့သည်။
၄င်းလှေလုပ်သား ၃၁ ဦးသည် နိုဝင်ဘာ (၃၀)ရက်နေ့က တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းအောက်ဘက်ရှိ မြန်မာရေပိုင်နက်ထဲတွင် မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
ထိုင်းရေလုပ်သား (၄) ဦးဖမ်းဆီးခံရသည့်ကိစ္စအား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းများက ရေးသားဖော်ပြသည်။