မော်လမြိုင်၊ ၂၀၂၄ ဒီဇင်ဘာ(၁၆)
ပြည်ပသို့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ကျွမ်းကျင်လုပ်သားများသာ စေလွှတ်ရန်အပါအဝင် စစ်ကောင်စီက ပြည်ပသို့သွားရောက်အလုပ်လုပ်သူများကို တင်းကြပ်မှုများ ပြုလုပ်လာကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေအေဂျင်စီများထံက သိရသည်။
စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းနေရာအနှံ့ လက်နက်ကိုင်ပဋိပက္ခများ ပိုမိုဖြစ်ပွားလာခြင်း၊ စစ်မှုထမ်းဥပဒေသည်လည်း အသက်ဝင်လာခြင်းတို့ကြောင့် လူငယ်များ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မှုများပြားလာသည်နှင့်အမျှ ဒီဇင်ဘာလပထမအပတ်အတွင်း အလုပ်သမားဝန်ကြီးဌာနက ကျွမ်းကျင်လုပ်သားများကိုသာ စေလွှတ်ရန် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီထံညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယားအေဂျင်စီလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
”NSSA မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ရေးအဖွဲ့ဆိုတာရှိတယ်၊ အဲ့ဒီအဖွဲ့ရဲ့အသိအမှတ်ပြုလက်မှတ်ရသူ၊ လုပ်ငန်းတစ်မျိုးခြင်းစီအလိုက်ပေါ့ ကျွမ်းကျင်လုပ်သားသတ်မှတ်ပြီးတော့ MoU စနစ်နဲ့လွှတ်မယ်၊ အထွေထွေအလုပ်လုပ်မယ့်သူ မဖြစ်ရတော့ဘူး၊ ဒီက ကျွမ်းကျင်ပြီးအသိအမှတ်ပြုရထားတဲ့လက်မှတ်နဲ့သင့်တော်တဲ့အလုပ်ကိုပဲလုပ်ရမယ်၊ အရင်ကတည်းက ရှိပြီးသား၊ ခုပြန်လုပ်တာပေါ့၊ ဒါပေမယ့် ခုက ဟိုရောက်အလုပ်ရှာ၊ အလုပ်ပြောင်းမဖြစ်စေရတော့ဘူး၊ သူတို့အနေနဲ့ အလုပ်သမားကို ဒီကသတ်မှတ်ထားတဲနေရာမှာပဲ လိုက်ရပြုရလွယ်ကူအောင် လုပ်တဲ့သဘော၊ နောက်တစ်ခုက ငွေကြေးပိုရလာမယ့်သဘောပေါ့၊ တိုင်းပြည်က ဆိုးလာတော့ ခုကလည်း လူငယ်အတော်များများက ပြည်ပကို ရရအလုပ်ဘာပဲရရ ထွက်နေပြီလေ၊ တရားမဝင်လမ်းကြောင်းကလည်း အခြေအနေမကောင်းဘူးလေ ” ဟု ကိုရီးယားအေဂျင်စီလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
အေဂျင်စီထံမှတဆင့် သွားရောက်အလုပ်လုပ်ကိုင်နေသူများအနေဖြင့် တရားဝင်လမ်းကြောင်းဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းရှိ မိသားစုများထံသို့ လစဉ်ငွေလွှဲရမည်ဖြစ်ပြီး ငွေလွှဲသည့်အထောက်အထားများကို ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း အစစ်ဆေးခံရန် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို ဆင့်ခေါ်ခံထားရကြောင်း သိရသည်။
ထို့ပြင် နိုင်ငံအတွက် စစ်မှုထမ်းရန်လိုအပ်လာပါက စာချုပ်သက်တမ်းပြည့်လျှင် ပြည်တွင်းသို့ စစ်မှုထမ်းရန်ပြန်လာရမည်ဖြစ်ပြီး ယင်းအချက်ကို အလုပ်ရှင်-အလုပ်သမားစာချုပ်တွင် သဘောတူညီမှုတစ်ရပ်နေဖြင့် ထည့်သွင်းချုပ်ဆိုရန်ညွှန်ကြားထားေကြာင်းည်း သိရသည်။
See insights and ads
All reactions:
77