ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ (၃) လာတာကာလအတွင်း စစ်ပွဲများ ဖြစ်ပွားနေသည့်ဒေသများ၌ အမျိုးသမီး (၁၅၀) ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ (၄) ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးခဲ့ကြသူများမှာ အများအားဖြင့် စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ကြသူများဖြစ်ကြပြီး (၁၀၇) ဦးအထိ သေဆုံးခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ထားသည်။
သေဆုံးခဲ့သူများနှင့် ပတ်သက်ပြီး အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း နှင့် သေဆုံးသူများထဲတွင် အသက် (၁၈) နှစ်အောက် အမျိုးသမီး (၃၀) ဦးရှိကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြချက်အရ သိရသည်။
ရခိုင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထိခိုက်သေဆုံးသူ (၃၄) ဦးအထိ သေဆုံးခဲ့ပြီး၊ ကျန်ထိခိုက်သေဆုံးသူများမှာ စစ်ပွဲများဖြစ်ပွားနေသည့် ဒေသများမှဖြစ်ကြောင်းလည်း AAPP ကဆိုထားသည်။
ထို့အပြင် ပြီးခဲ့သည့် (၃) လတာကာလအတွင်း နိုင်ငံတဝန်းမှ အမျိုးသမီး (၄၉) ဦး စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း (၁၃) ဦးဖြင့် အများဆုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်တပ်မှ အာဏာသိမ်းစဉ်ကာလအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် အရပ်သားပြည်သူစုစုပေါင်း (၆၀၀၀) ကျော်သေဆုံးခဲ့ရပြီး၊ (၂၈၀၀၀) နီးပါးဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ သိရသည်။
Photo-လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးများ