မည်သည့်အချိန်အခါ၌ ကျင်းပနိုင်မည်ကို မသိရှိနိုင်သေးသော ရှေ့လာမည့်ရွေးကောက်ပွဲအတွက် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးလျက် ရှိကြောင်း သတင်းရရှိသည်။
၄င်းတွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၅ မှ ၆ ရက်နေ့များမှာ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပလျက်ရှိပြီး နိုင်ငံရေးပါတီ ၅၁ ပါတီက တာဝန်ရှိသူများ တက်ရောက်ကြသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ၍ ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပနေခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှ ၆ ရက်အထိ ဆွေးနွေးမည်ဖြစ်သည်။
ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများဘက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ မှတ်ပုံတင် ကျထားသော ပါတီများဖြစ်ပြီး ပါတီ ၅၁ ပါတီတက်ရောက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၅ ရက်တွင် အိန္ဒိယဖက်ဒရယ်စနစ်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုသော အချက် ၂ ချက်ကို ဆွေးနွေးကြပြီး ယနေ့တွင် ရွေးကောက်ပွဲနှင့် လုံခြုံရေး၊ အထွေထွေ တို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြဋ္ဌာန်းချက်များအပေါ် ဆွေးနွေးမှုများအပြင် NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှု အခြေအနေ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များကို ပြည်သူလူထုကြား ပျံ့နှံ့ရောက်ရှိစေရေး၊ တည်ငြိမ်အေးချမ်းမှု ရရှိအောင် ဆောင်ရွက်နိုင်ရေး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး ကိစ္စရပ်များကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း တက်ရောက်သူကိုယ်စားလှယ်တချို့ထံမှ သိရသည်။
Photo- NSPNC နှင့် နိုင်ငံရေးပါတီများ