မြန်မာရေပိုင်နက်အတွင်းဝင်ရောက်သဖြင့် ပစ်ခတ်ဖမ်းဆီးရမိခဲ့သော ထိုင်းငါးဖမ်းစက်လှေတွင် အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်နွယ်နေသည့် လက်နက်ခဲယမ်းမဟုတ်သည့်ပစ္စည်းများတွေ့ရသည့်အတွက် စစ်ဆေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ညပိုင်းက စစ်ကောင်စီဗိုလ်ချုပ် ဇော်မင်းထွန်းက ဗီဒီယိုမှတဆင့်ထုတ်ပြန်ခဲ့ရာတွင် ” ထိုင်းနိုင်ငံဖက်ကို တရားဝင်အကြောင်းကြားထားပြီးဖြစ်ပါတယ်။ သူတို့နဲ့အတူ လက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းများတွေ့ရှိရတဲ့အတွက် စစ်ဆေးလျှက်ရှိပါတယ် ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါငါးဖမ်းလှေပေါ်တွင် ထိုင်း ၄ ဦး၊ မြန်မာ ၂၇ ဦးဖမ်းဆီးရမိထားပြီး ထိုင်းနိုင်ငံသို့ တရားဝင်အကြောင်းကြားထားကြောင်း၊ ပစ်ခတ်သည်ဟုမပြောဘဲ အချက်ပေးမီးပြပြီး ငါးဖမ်းလှေအား ရပ်တံ့စေခဲ့ကြောင်း၊ ဖမ်းဆီးမိသူများ ကောင်းမွန်စွာရှိနေကြောင်း၊ မြန်မာရေပို်င်နက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ပြောသည်။
ဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မြန်မာ-ထိုင်း ဆက်ဆံရေးထိခိုက်စေရန် မီဒီယာများက ပုံဖော်ရေးသားခြင်းဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရက သတင်းထုတ်ပြန်ခဲ့သော်လည်း ထိုင်းသတင်းထုတ်ပြန်ချက်များတွင်မူ ရေလုပ်သားတစ်ဦး ပစ်ခတ်မှုကြောင့် ရေထဲခုန်ချကာ ရေနစ်သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူအချိုလည်းရှိနေကြောင်း ဖော်ပြထားသည်။
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra အနေဖြင့် မြန်မာရေတပ်ပစ်ခတ်မှုအပေါ် ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ်ကြီးကိုဆင့်ခေါ်ကာ ထိုင်းနိုင်ငံသားများ အမြန်ဆုံးပြန်လွှတ်ပေရေး တောင်းဆိုခဲကြောင်း သိရသည်။
Photo- မြန်မာရေတပ်